ဗိုလ်ချုပ်တို့ ဈာပနကို ရှေ့တန်းက ပို့ဆောင်ခဲ့တဲ့ ရေတပ်အရာရှိဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ခေါင်းဆောင် ၉ ဦး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ ဒီကနေ့ ဇူလိုင်လ ၁၉ ရက

  • 6 years ago
ဗိုလ်ချုပ်တို့ ဈာပနကို ရှေ့တန်းက ပို့ဆောင်ခဲ့တဲ့ ရေတပ်အရာရှိ

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ခေါင်းဆောင် ၉ ဦး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့ဆိုရင် နှစ်ပေါင်း ၇၁ နှစ် တိုင်တိုင် ရှိလာခဲ့ပါပြီ။

ပြည်သူတွေအားလုံး မျက်ရည်မိုးတွေ တသွန်သွန် ရွာသွန်းပြီး အာဇာနည်ခေါင်းဆောင်တွေရဲ့ ဈာပန အခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ ပို့ဆောင်ခဲ့သူတွေကတော့ ဒီခေတ်မှာ အတော်လေး နည်းသွားပြီ ထင်ပါတယ်။

ဒါပေမဲ့ အဲဒီတုန်းက အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ဈာပန အခမ်းအနားကို ရေတပ်အရာရှိတစ်ဦးအနေနဲ့ ချီတက် လိုက်ပါ ပို့ဆောင်ခဲ့ပြီး အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးပြီးတဲ့အချိန်ကလည်း အတွင်းဝန်များရုံးကို ရောက်ရှိခဲ့သူတစ်ဦးနဲ့ ဘီဘီစီက တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးခင်ကတည်းက အနီးကပ် တွေ့ဆုံခဲ့ဖူးတဲ့ အသက် ၉၂ နှစ်အရွယ် အငြိမ်းစား ရေတပ် ဗိုလ်ကြီး ဦးကျော်သိန်းလွင်ကို ဝိုင်းတော်သား ကိုဇေယျာက လန်ဒန်မြို့ ဘီဘီစီရုံးမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း #အာဇာနည်နေ့ #အာဇာနည်ခေါင်းဆောင် ၉ ဦး

Recommended