အောက်ကလူ လာဘ်စားတာ မတားဆီးရင် အထက်အရာရှိတွေပါ အရေးယူခံရမယ် (ရုပ်/သံ)ဧရာဝတီ ၊ ဇူလိုင် ၂၁ ၊ ၂၀၁၈ကိုယ့်လက်အောက်က ၀န်ထမ်းတွေ လာဘ်စားတာကို စစ်ဆေးခြင်း၊ တားဆီးခြင

  • 6 years ago
အောက်ကလူ လာဘ်စားတာ မတားဆီးရင် အထက်အရာရှိတွေပါ အရေးယူခံရမယ် (ရုပ်/သံ)

ဧရာဝတီ ၊ ဇူလိုင် ၂၁ ၊ ၂၀၁၈

ကိုယ့်လက်အောက်က ၀န်ထမ်းတွေ လာဘ်စားတာကို စစ်ဆေးခြင်း၊ တားဆီးခြင်းမပြုရင် အထက်အရာရှိတွေပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရမယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွှန့်က နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှာ ဇူလိုင်လ ၂၀ရက်နံနက်က မီဒီယာတွေကို ပြောပါတယ်။

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အကောက်ခွန်ဝန်ထမ်းတွေ လာဘ်ငွေရယူခဲ့တဲ့ဖြစ်စဉ်မှာ အထက်အရာရှိတွေဖြစ်တဲ့ ညွှန်ကြားရေမှူး ၃ဦး၊ ဒုတိယညွှန်ကြားရေးမှူး ၂ဦး၊ ဦးစီးအရာရှိ ၁ဦးတို့ဟာ ကွင်းဆင်းစစ်ဆေးခြင်း၊ အရေးယူခြင်းတွေ မပြုလုပ်ခဲ့တဲ့အတွက် ပူးပေါင်းကြံစည်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ နဲ့ အမှုဖွင့်အရေးယူခြင်းခံရတာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ရိုက်ကူး- ကျော်မျိုး

Recommended