ကယားပြည်နယ် ၀န်ကြီးချုပ်ကို ပါတီမှ အရေးယူရန်မရှိ ဟုဆို (ရုပ်/သံ)ဧရာဝတီ ၊ ဇူလိုင် ၂၉ ၊ ၂၀၁၈ကယားပြည်နယ်ဝန်ကြီးချုပ်သည် အုပ်ချုပ်ရေးအပိုင်းမှဖြစ်၍ ပါတီက ၀င်ရော

  • 6 years ago
ကယားပြည်နယ် ၀န်ကြီးချုပ်ကို ပါတီမှ အရေးယူရန်မရှိ ဟုဆို (ရုပ်/သံ)

ဧရာဝတီ ၊ ဇူလိုင် ၂၉ ၊ ၂၀၁၈

ကယားပြည်နယ်ဝန်ကြီးချုပ်သည် အုပ်ချုပ်ရေးအပိုင်းမှဖြစ်၍ ပါတီက ၀င်ရောက်အရေးယူရန် မရှိကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ဇူလိုင်လ ၂၉ရက်က ပြုလုပ်သော NLD ပါတီ ဗဟိုအလုပ်မှုဆောင်အစည်းအဝေးအပြီးတွင် ပြောကြားသည်။

NLD အစိုးရသည် အာဏာရှင်စနစ်ကဲ့သို့ ဥပဒေတွင် ပါသည့်အတိုင်း ပြည်သူများကို အုပ်ချုပ်နေခြင်းမဟုတ်ဘဲ ပြည်သူ၏ သဘောထားရယူကာ သဘောတူညီချက်ဖြင့် အုပ်ချုပ်နေခြင်းဖြစ်ကြောင်း၊ စကားမှားလျှင် ပါတီထိခိုက်သည့်အတွက် ပါတီက တာဝန်ပေးထားသူတိုင်းသည် သုံးစွဲသည့် စကားလုံးတိုင်းကို အထူးသတိထားစေလိုကြောင်း ဒေါက်တာမျိုးညွှန့်က ပြောသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှိုသည် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေးနှင့် ပတ်သက်ပြီး တပ်မတော်ကို တာဝန်ပေးမည်ဟု ပြောကြားခဲ့သည့်အပေါ် ဝေဖန်မှုများ ရှိခဲ့ပြီး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် တပ်မတော်ကို တာဝန်ပေးခွင့်မရှိဟု ကြေငြာချက်ထုတ်ကာ တုံ့ပြန်ထားသည်။

ရိုက်ကူး- ကျော်မျိုး

Recommended