တရုတ်တက်ကြွလှုပ်ရှားသူရဲ့ ပီကင်းက စတူဒီယို ဖျက်ဆီးခံရတရုတ်နိုင်ငံမြို့တော် ပီကင်းမှာ ရှိတဲ့ တက်ကြွလှုပ်ရှားသူ အိုက်ဝေေ၀ရဲ့ စတူဒီယိုဟာ အာဏာပိုင်တွေရဲ့ ဖျက်ဆီးမှုက

  • 6 years ago
တရုတ်တက်ကြွလှုပ်ရှားသူရဲ့ ပီကင်းက စတူဒီယို ဖျက်ဆီးခံရ

တရုတ်နိုင်ငံမြို့တော် ပီကင်းမှာ ရှိတဲ့ တက်ကြွလှုပ်ရှားသူ အိုက်ဝေေ၀ရဲ့ စတူဒီယိုဟာ အာဏာပိုင်တွေရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။

ထင်ရှားတဲ့ တရုတ်တက်ကြွလှုပ်ရှားသူ အိုက်ဝေေ၀ကတော့ သူ့အနေနဲ့ ဒီကိစ္စအတွက် ကြိုတင်သတိပေးမှုကို မရခဲ့ဘူးလို့ ပြောပါတယ်။
အနုပညာသမားလည်းဖြစ်တဲ့ အိုက်ဝေေ၀အဖို့ အဲဒီစတူဒီယိုဟာ ၂၀၁၆ ခုနစ်ကတည်း သူ့အလုပ်အတွက် အသုံးပြုခဲ့တဲ့ စတူဒီယိုလည်း ဖြစ်ပါတယ်။

၂၀၀၈ အိုလံပစ်ပွဲတော်လုပ်ခဲ့တဲ့ ပီကင်းက ဌက်သိုက်ပုံ အားကစားကွင်းပုံစံဒီဇိုင်းကို အိုက်ဝေေ၀က ရေးဆွဲခဲ့တာပါ။

အစိုးရရဲ့ ဖြိုခွင်းမှု လုပ်ရပ်တွေကို ဝေဖန်မှုတွေကြောင့် သူဟာ ၂၀၁၁ ခုနစ်မှာ တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရပါတယ်။
တရုတ်နိုင်ငံကနေ သူထွက်ခွာခဲ့တဲ့ ၂၀၁၅ ခုနစ်ကစလို့ သူဟာ ဂျာမနီ နိုင်ငံမှာ နေထိုင်နေတာပါ။

သူ့ရဲ့ လူမှုကွန်ယက်မီဒီယာကို ကြိုက်နှစ်သက်သူတွေကတော့ အဲဒီလို ဖျက်ဆီးခံရမှုအတွက် ၀မ်းနည်းကြောင်းရေးသားနေကြတာပါ။

ဒီအဆောက်အုံကို သုံးရက်အတွင်း ဖျက်ရမယ်လို့ ကျွန်တော်တို့ကို ခိုင်းထားတယ် တကယ်တော့ ဒီလို အဆောက်အအုံမျိုးကို ၃ ရက်အတွင်း အပြီးဖျက်ဖို့ ကျွန်တော်တို့မှာ လုံလောက်တဲ့ စွမ်းဆောင်ရည်မရှိပါဘူး လို့ အဆောက်အဦးကို ဖျက်သိမ်းတဲ့ လုပ်ငန်းမှာ ကြီးကြပ်နေသူတဦးက ပြောပါတယ်။

#ဘီဘီစီမြန်မာပိုင်း#တရုတ်တက်ကြွလှုပ်ရှားသူ#အိုက်ဝေေ၀

Recommended