႐ိုေမးနီးယားမွာ လက္ကိုင္ဖုန္း မီးေရာင္ေတြ စုေပါင္းထြန္းညႇိၿပီး အစိုးရကို ဆႏၵျပ ၾသဂုတ္ - ၁၁ ၊၂၀၁၈ ႐ိုေမးနီးယား ႏုိင္ငံမွာ လက္ကိုင္ဖုန္း မီးေရာင္ေတြ စုေပါင

  • 6 years ago
႐ိုေမးနီးယားမွာ လက္ကိုင္ဖုန္း မီးေရာင္ေတြ စုေပါင္းထြန္းညႇိၿပီး အစိုးရကို ဆႏၵျပ

ၾသဂုတ္ - ၁၁ ၊၂၀၁၈


႐ိုေမးနီးယား ႏုိင္ငံမွာ လက္ကိုင္ဖုန္း မီးေရာင္ေတြ စုေပါင္း ထြန္းညႇိတဲ့ အစိုးရ ဆန္႔က်င္ေရး ဆႏၵျပပြဲ တစ္ခုကို က်င္းပခဲ့ပါတယ္။

ဩဂုတ္ ၁၀ ရက္က ဆႏၵျပပြဲဟာ ႐ိုေမးနီးယား အလုပ္သမား အဖြဲ႕အစည္း တခ်ိဳ႕ရဲ႕ ဦးေဆာင္မႈေၾကာင့္ ေပၚေပါက္လာတာ ျဖစ္ပါတယ္။ ဘူခါရက္စ္ ၿမိဳ႕ေတာ္ အပါအဝင္ ၿမိဳ႕ႀကီး ေတာ္ေတာ္မ်ားမ်ားမွာ အလုပ္သမား ေထာင္ေသာင္းခ်ီ စုေပါင္းၿပီး လက္ကိုင္ဖုန္း မီးေရာင္ေတြ ထြန္းညႇိ ကိုင္ေျမႇာက္ရင္း အစိုးရကို ဆႏၵျပခဲ့ၾကပါတယ္။

ျပည္ပေရာက္ ႐ိုေမးနီးယား အလုပ္သမားေတြရဲ႕ ရပိုင္ခြင့္နဲ႔ လံုၿခံဳေရး က႑ေတြကို အစိုးရက မ်က္ကြယ္ျပဳထားတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အခုလို ဆႏၵျပခဲ့ၾကတာပါ။ ဘူခါရက္စ္မွာေတာ့ ဆႏၵျပသူ တခ်ိဳ႕က လံုၿခံဳေရး တပ္ဖြဲ႕ဝင္ေတြ ခ်ထားတဲ့ အတားအဆီးေတြကို ေက်ာ္ျဖတ္ၿပီး အစိုးရ အေဆာက္အအံုေတြဆီ ဝင္ေရာက္ဖုိ႔ ႀကိဳးစားခဲ့တာေၾကာင့္ မ်က္ရည္ယိုဗံုးေတြနဲ႔ ပစ္ခတ္ၿပီး လူစုခြဲတဲ့ အေျခအေနေတြလည္း ျဖစ္ေပၚလာခဲ့ပါတယ္။

အဓိက႐ုဏ္း ႏွိမ္နင္းေရး ရဲေတြက ျပႆနာ ဆိုးရြားေအာင္ ရည္ရြယ္ခ်က္ရွိရွိ လံႈ႕ေဆာ္ခဲ့သူ တခ်ိဳ႕ကို ဖမ္းဆီးခဲ့ေၾကာင္း ေျပာပါတယ္။ အျပန္အလွန္ ခုိက္ရန္ ျဖစ္ပြားမႈေတြအတြင္း လူေပါင္း ၁၀၀ ေက်ာ္ ဒဏ္ရာရခဲ့တယ္လုိ႔လည္း သိရပါတယ္။

(Unicode)

ရိုမေးနီးယားမှာ လက်ကိုင်ဖုန်း မီးရောင်တွေ စုပေါင်းထွန်းညှိပြီး အစိုးရကို ဆန္ဒပြ

သြဂုတ် - ၁၁ ၊၂၀၁၈


ရိုမေးနီးယား နိုင်ငံမှာ လက်ကိုင်ဖုန်း မီးရောင်တွေ စုပေါင်း ထွန်းညှိတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

ဩဂုတ် ၁၀ ရက်က ဆန္ဒပြပွဲဟာ ရိုမေးနီးယား အလုပ်သမား အဖွဲ့အစည်း တချို့ရဲ့ ဦးဆောင်မှုကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဘူခါရက်စ် မြို့တော် အပါအဝင် မြို့ကြီး တော်တော်များများမှာ အလုပ်သမား ထောင်သောင်းချီ စုပေါင်းပြီး လက်ကိုင်ဖုန်း မီးရောင်တွေ ထွန်းညှိ ကိုင်မြှောက်ရင်း အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။

ပြည်ပရောက် ရိုမေးနီးယား အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ လုံခြုံရေး ကဏ္ဍတွေကို အစိုးရက မျက်ကွယ်ပြုထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလို ဆန္ဒပြခဲ့ကြတာပါ။ ဘူခါရက်စ်မှာတော့ ဆန္ဒပြသူ တချို့က လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ချထားတဲ့ အတားအဆီးတွေကို ကျော်ဖြတ်ပြီး အစိုးရ အဆောက်အအုံတွေဆီ ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲတဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။

အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက ပြဿနာ ဆိုးရွားအောင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခဲ့သူ တချို့ကို ဖမ်းဆီးခဲ့ကြောင်း ပြောပါတယ်။ အပြန်အလှန် ခိုက်ရန် ဖြစ်ပွားမှုတွေအတွင်း လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

Recommended