• 7 years ago
မူးယစ္ေဆးဝါး ေမွာင္ခို စက္ေလွကို ရဟတ္ယာဉ္နဲ႔ လုိက္ဖမ္းတဲ့ ဗီဒီယို မကၠဆီကိုေရတပ္ ထုတ္ျပန္

မကၠဆီကို ေရတပ္ဟာ မူးယစ္ေဆးဝါး ေမွာင္ခို စက္ေလွတစ္စီးကို ရဟတ္ယာဉ္နဲ႔ လုိက္ဖမ္းတဲ့ မွတ္တမ္း ဗီဒီယိုကို ထုတ္ျပန္ ျပသခဲ့ပါတယ္။

ဩဂုတ္ ၉ ရက္က ႏုိင္ငံေတာင္ပိုင္း ဂြာရာ႐ိုျပည္နယ္ ကမ္းလြန္ ေရျပင္မွာ စက္တပ္ အျမန္ေရယာဉ္ တစ္စီးကို မကၠဆီကို ေရတပ္ ရဟတ္ယာဉ္က အက္ရွင္ ႐ုပ္ရွင္ထဲက ဇာတ္ဝင္ခန္း တစ္ခုဆန္ဆန္ လုိက္လံ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ ဒီျဖစ္စဉ္ကို တျခား ေရတပ္ ေလယာဉ္ တစ္စီးက မွတ္တမ္းတင္ ဗီဒီယို ႐ိုက္ယူထားခဲ့ပါတယ္။

မသကၤာစရာ ေရယာဉ္ကို ရွာေတြ႕ခဲ့တဲ့ေနာက္ ရပ္တန္႔ အစစ္ေဆးခံဖုိ႔ ေရတပ္ ရဟတ္ယာဉ္က သတိေပးခဲ့ေပမယ့္ ေမာင္းေျပးခဲ့တာေၾကာင့္ အခုလို လုိက္ဖမ္းခဲ့တာပါ။ ေနာက္ဆံုးမွာေတာ့ စက္ေလွက ကမ္းကပ္ ရပ္နားၿပီး လုိက္ပါလာသူေတြ ထြက္ေျပး သြားၾကပါတယ္။

စက္ေလွေပၚကေန ကိုကင္း ႏွစ္တန္နီးပါး သိမ္းဆည္းရမိခဲ့သလို အီေကြေဒါ ႏုိင္ငံသား တစ္ဦးကိုလည္း လက္ရ ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း ေရတပ္က ေၾကညာပါတယ္။ တျခား စက္ေလွ အဖြဲ႕သားေတြကိုလည္း အာဏာပိုင္ေတြက စံုစမ္း ရွာေဖြေနတယ္လုိ႔ သိရပါ

(Unicode)

မူးယစ်ဆေးဝါး မှောင်ခို စက်လှေကို ရဟတ်ယာဉ်နဲ့ လိုက်ဖမ်းတဲ့ ဗီဒီယို မက္ကဆီကိုရေတပ် ထုတ်ပြန်

မက္ကဆီကို ရေတပ်ဟာ မူးယစ်ဆေးဝါး မှောင်ခို စက်လှေတစ်စီးကို ရဟတ်ယာဉ်နဲ့ လိုက်ဖမ်းတဲ့ မှတ်တမ်း ဗီဒီယိုကို ထုတ်ပြန် ပြသခဲ့ပါတယ်။

ဩဂုတ် ၉ ရက်က နိုင်ငံတောင်ပိုင်း ဂွာရာရိုပြည်နယ် ကမ်းလွန် ရေပြင်မှာ စက်တပ် အမြန်ရေယာဉ် တစ်စီးကို မက္ကဆီကို ရေတပ် ရဟတ်ယာဉ်က အက်ရှင် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း တစ်ခုဆန်ဆန် လိုက်လံ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို တခြား ရေတပ် လေယာဉ် တစ်စီးက မှတ်တမ်းတင် ဗီဒီယို ရိုက်ယူထားခဲ့ပါတယ်။

မသင်္ကာစရာ ရေယာဉ်ကို ရှာတွေ့ခဲ့တဲ့နောက် ရပ်တန့် အစစ်ဆေးခံဖို့ ရေတပ် ရဟတ်ယာဉ်က သတိပေးခဲ့ပေမယ့် မောင်းပြေးခဲ့တာကြောင့် အခုလို လိုက်ဖမ်းခဲ့တာပါ။ နောက်ဆုံးမှာတော့ စက်လှေက ကမ်းကပ် ရပ်နားပြီး လိုက်ပါလာသူတွေ ထွက်ပြေး သွားကြပါတယ်။

စက်လှေပေါ်ကနေ ကိုကင်း နှစ်တန်နီးပါး သိမ်းဆည်းရမိခဲ့သလို အီကွေဒေါ နိုင်ငံသား တစ်ဦးကိုလည်း လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရေတပ်က ကြေညာပါတယ်။ တခြား စက်လှေ အဖွဲ့သားတွေကိုလည်း အာဏာပိုင်တွေက စုံစမ်း ရှာဖွေနေတယ်လို့ သိရပါ

Category

😹
Fun

Recommended