၈၈ မျိုးဆက် မမီးမီး မော်တော်ယာဉ်တိမ်းမှောက်၍ ကွယ်လွန်============================သြဂုတ်လ ၁၃ ရက်နေ့၊ ညနေပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကွယ်လွန်ခဲ့တဲ

  • 6 years ago
၈၈ မျိုးဆက် မမီးမီး မော်တော်ယာဉ်တိမ်းမှောက်၍ ကွယ်လွန်
============================

သြဂုတ်လ ၁၃ ရက်နေ့၊ ညနေပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကွယ်လွန်ခဲ့တဲ့ ၈၈ မျိုးဆက် မမီးမီးလို့ လူသိများသူ ဒေါ်သင်းသင်းအေးဟာ ဒီမိုကရေစီအရေး တောင်းဆိုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

မမီးမီးဟာ ၁၉၈၈ ခုနှစ်၊ အသက် ၁၇ နှစ် အရွယ်က စတင်၍ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးအတွက် နေအိမ်ခြံရှေ့မှာ NLD လူငယ်တွေနဲ့ တွဲဖက် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

အဲဒီ ၁၉၉၆ ခုနှစ်မှာပဲ ဒဂုံတက္ကသိုလ်မှာ ကျောင်းတက်ရင်း ကျောင်းသားလှုပ်ရှားမှုအတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ထောင်ကျစဉ်က ၂ နှစ်အရွယ် သားငယ်တစ်ဦးနဲ့ ၄ နှစ် ကျော်သမီးငယ်တို့ကို ၆ နှစ်နီးပါး မြင်တွေ့ခွင့် မရခဲ့ဘူးလို့ သိရပါတယ်။

တင်ဆက်၊ တည်းဖြတ် - ဒေါင်းလူ
သတင်းအပြည့်အစုံ -

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

😹
Fun

Recommended