ယီမင်တိုက်ပွဲ စုံစမ်း စစ်ဆေးဖို့ ကုလတောင်းဆို ယီမင်နိုင်ငံမှာ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ဒါဇင်နဲ့ချီ သေဆုံးခဲ့တာနဲ့

  • 6 years ago
ယီမင်တိုက်ပွဲ စုံစမ်း စစ်ဆေးဖို့ ကုလတောင်းဆို

ယီမင်နိုင်ငံမှာ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ဒါဇင်နဲ့ချီ သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးဖွဲ့ စစ်ဆေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတာရက်စ် က တောင်းဆိုလိုက်ပါတယ်။

ဒီကလေးတွေကို တင်ဆောင်လာတဲ့ ကျောင်းကားဟာ လက်နက်ကိုင် သူပုန်တွေ ထိန်းချုပ်ထားတဲ့ အရပ်မှာ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘီဘီစီ နိုင်ငံတကာ သတင်းထောက်ချုပ် လီ့စ် ဒူဆတ် ပေးပို့တဲ့ သတင်းကို မရီရီအောင်က ပြောပြပေးမှာပါ။

ဒီသတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ကြောင်း ကြိုတင်အသိပေးပါရစေ။

#ဘီဘီစီ မြန်မာပိုင်း #ယီမင်တိုက်ပွဲ #ကုလသမဂ္ဂ

Recommended