ဘာသာကြီး ၃ ခု ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နေတဲ့ ရခိုင်မြောက်ပိုင်းက ရွာ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ က ရခိုင်ပြည်နယ် မောင်းတောမြို့နယ်မှာ ARSA ရိုဟင်ဂျာလွတ်မြော

  • 6 years ago
ဘာသာကြီး ၃ ခု ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နေတဲ့ ရခိုင်မြောက်ပိုင်းက ရွာ

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ က ရခိုင်ပြည်နယ် မောင်းတောမြို့နယ်မှာ ARSA ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဖွဲ့က ရဲကင်း ၃၀ ကျော်ကို တိုက်ခိုက်ပြီးနောက် ဘာသာပေါင်းစုံအတူနေကြတဲ့သူတွေကြား သတ်ဖြတ်မှုတွေ၊ ဖျက်စီးမှုတွေဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် မောင်းတောနဲ့ ၂ မိုင်လောက်သာဝေးတဲ့ ရွှေဇားရွာမှာတော့ ဘာသာကြီးသုံးခုကလူတွေ အတူနေကြပေမယ့် ပြဿနာ တစုံတရာ မဖြစ်ခဲ့ကြပါဘူး။

ဒီရွာကို ဘီဘီစီသတင်းထောက် ကိုနေလင်းရောက်ခဲ့ပြီး အစ္စလာမ်ဘာသာဝင် ဦးအာမက်အလီ၊ ရခိုင်ဗုဒ္ဓဘာသာဝင် ဦးထွန်းလှစိန်၊ ဟိန္ဒူဘာသာဝင် ဦးမေဂေါနတ် တို့နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ဘာသာကြီး ၃ ခု အကြား ပဋိပက္ခ မရှိဘဲ စုစည်း နေထိုင်ခဲ့ကြတဲ့ အဲဒီရွာ အကြောင်း သတင်းဆောင်းပါးကို အာက်ကလင့်ခ်မှာလည်း ဖတ်ရှုနိုင်ပါတယ်။



#ဘီဘီစီမြန်မာပိုင်း #မောင်းတော #ရွှေဇားရွာ #ရခိုင်မြောက်ပိုင်း

Recommended