ရန်ကုန်တိုင်းဒေသကြီး၏ ၆လ ဘတ်ဂျက်အတွင်း ပိုငွေ ၇ဘီလီယံ ရရှိ(ရုပ်/သံ)ဧရာဝတီ ၊ သြဂုတ် ၂၅ ၊ ၂၀၁၈ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၂၀၁၈ ဧပြီလမှ စက်တင်ဘာလအထိ ကြားကာလ ဘ

  • 6 years ago
ရန်ကုန်တိုင်းဒေသကြီး၏ ၆လ ဘတ်ဂျက်အတွင်း ပိုငွေ ၇ဘီလီယံ ရရှိ(ရုပ်/သံ)

ဧရာဝတီ ၊ သြဂုတ် ၂၅ ၊ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၂၀၁၈ ဧပြီလမှ စက်တင်ဘာလအထိ ကြားကာလ ဘတ်ဂျက် ၆လအတွင်း ၇ ဘီလီယံ ပိုငွေရရှိလာခဲ့ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။၆လ ဘတ်ဂျက်ဖြစ်နေ၍ နောက်ထပ် ဖြည့်စွက်ဘတ်ဂျက် မပါသည့်အတွက် ပိုငွေ ၇ဘီလီယံကို ပြည်ထောင်စု၏ ရငွေအဖြစ်သာ ပြန်လည်အပ်နှံရမည်ဟု သိရသည်။

၆လတာ ကာလအတွင်း အခွန်အကောက်ရငွေ ၁၆ဘီလီယံကျော် ၊ အခွန်ဝေစုရငွေ ၆၃ဘီလီယံကျော် အပါအဝင် ၁၉၁ဘီလီယံကျော် အထိ ရှိခဲ့ကြောင်း ရသုံးခန့်မှန်းခြေ ငွေစရင်းဆိုင်ရာ အချက်အလက်များ၌ ဖော်ပြထားသည်။

ရိုက်ကူး/ တည်းဖြတ် - အဲမလီ

Recommended