ရန်ကုန်မှာ သွေးလွန်တုပ်ကွေး မဖြစ်တဲ့နေရာ မရှိသလောက်ဘဲ (ရုပ်/သံ)

  • 6 years ago
ဧရာဝတီ ၊ သြဂုတ် ၂၇ ၊ ၂၀၁၈

သွေးလွန်တုပ်ကွေး ရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားနေပြီး ရောဂါခံစားရတဲ့ လက္ခဏာတွေက နှာခေါင်းသွေးယိုခြင်း၊ အနီစက်များခန္ဓာကိုယ်မှာ ထွက်လာခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်လာခြင်းတို့အပြင် တက်ခြင်း စတဲ့ ရောဂါလက္ခဏာများကို သွေးလွန်တုပ်ကွေးပိုး ကူးစက်ခံရပြီး ၃ရက်မှ တပတ်အတွင်း တွေ့ရှိရပါတယ်။ အချိန်မှီကုသမှုမပြု လုပ်ပါက အသက်သေဆုံးတဲ့အထိဖြစ်ပွားနိုင်ပါတယ်။ မိုးတွင်းကာလဖြစ်တာကြောင့် ခြင်တွေပေါက်ဖွားမှုနှုန်းပိုများလာလို့ ဇွန်၊ ဇူလိုင်လနဲ့ သြဂုတ်လတွေဟာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအများဆုံးလ ဖြစ်တယ်လို့ သိရပါတယ် ။

ရိုက်ကူး/ တည်းဖြတ်- ဝေနှင်းထွဋ်

Recommended