
  • 6 years ago

သြဂုတ် - ၃၀၊၂၀၁၈





(Unicode)

ဒွေးနဲ့ရိုက်ခဲ့တဲ့ သစ္စာနန်းတော်ဇာတ်ကားကို မြင့်မြတ်နဲ့ပြန်ရိုက်မယ့် စိုးမြတ်သူဇာ

သြဂုတ် - ၃၀၊၂၀၁၈

လွန်ခဲ့တဲ့ ၁၁နှစ်ခန့်က ရိုက်ကူးခဲ့တဲ့ “သစ္စာနန်းတော်”ဇာတ်ကားမှာ ကိုသားကြီးရဲ့ မိခင်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ အကယ်ဒမီစိုးမြတ်သူဇာက ဒီဇာတ်ကားကိုပဲ အကယ်ဒမီမြင့်မြတ်နဲ့အတူ ပြန်လည်ရိုက်ကူးနေပါတယ်။

စာရေးဆရာမ လွန်းထားထားရဲ့အောင်မြင်တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ခဲ့ပြီး အကယ်ဒမီ ဒွေးကိုယ်တိုင် ဒါရိုက်တာ၊သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ချိန်မှာ ၅၂၈ မေတ္တာဘက်ကို အသားပေးရိုက်ကူးခဲ့တာပါ။

သစ္စာနန်းတော်ဇာတ်ကားမှာ အကယ်ဒမီမြင့်မြတ်၊အကယ်ဒမီစိုးမြတ်သူဇာ၊ရွှေမှုံရတီ၊ဆုမြတ်နိုးဦးနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတာပါ။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

😹
Fun

Recommended