ကမာၻ႕ အသက္အႀကီးဆံုး ေကာင္းကင္ ဂၽြမ္းဘားမယ္အျဖစ္ ဂင္းနစ္ စံခ်ိန္တင္ခဲ့တဲ့ အမ်ိဳးသမီးစက္တင္ဘာ - ၆ ၊၂၀၁၈ အေမရိကန္က အမ်ိဳးသမီးႀကီး တစ္ဦးဟာ ကမာၻ႕ အသက္အႀကီးဆံုး

  • 6 years ago
ကမာၻ႕ အသက္အႀကီးဆံုး ေကာင္းကင္ ဂၽြမ္းဘားမယ္အျဖစ္ ဂင္းနစ္ စံခ်ိန္တင္ခဲ့တဲ့ အမ်ိဳးသမီး

စက္တင္ဘာ - ၆ ၊၂၀၁၈

အေမရိကန္က အမ်ိဳးသမီးႀကီး တစ္ဦးဟာ ကမာၻ႕ အသက္အႀကီးဆံုး ေကာင္းကင္ ဂၽြမ္းဘားမယ္အျဖစ္ စံခ်ိန္သစ္ ေရးထုိးႏုိင္ခဲ့ပါတယ္။

ကယ္လီဖိုးနီးယားမွာ ေနထုိင္တဲ့ ဘက္တီ ေဂ့ါဒ္ဟတ္ဟာ အသက္ ၈၅ ႏွစ္ အရြယ္မွာ ေကာင္းကင္ ဂၽြမ္းဘား ပညာရပ္ကို ကၽြမ္းကၽြမ္းက်င္က်င္ ျပသခဲ့တဲ့ေနာက္ ဂင္းနစ္ ကမာၻ႕စံခ်ိန္ မွတ္တမ္းသစ္မွာ ပါဝင္ခြင့္ ရလာခဲ့တာ ျဖစ္ပါတယ္။ သူကေတာ့ ကိုယ္ႏွစ္သက္တဲ့ အရာကို လုပ္ေနရတဲ့အတြက္ အသက္အရြယ္ကို ထည့္မစဉ္းစားခဲ့ဘူးလို႔ ေျပာပါတယ္။

ဂင္းနစ္ရဲ႕ ၂၀၁၉ အတြက္ စံခ်ိန္မွတ္တမ္းသစ္မ်ား စာအုပ္ကို စက္တင္ဘာ ၆ ရက္က စတင္ ထုတ္ေဝခဲ့ရမွာ တျခား ထူးထူးျခားျခား ကမာၻ႕ စံခ်ိန္သစ္ေတြလည္း ပါဝင္ခဲ့ပါတယ္။ ၿပီးေတာ့ တိရစာၦန္ေတြရဲ႕ စံခ်ိန္သစ္ေတြကိုလည္း ေတြ႕ျမင္ႏိုင္ၿပီး အေမရိကန္က ေခြးေလး တစ္ေကာင္ဆိုရင္ ၁၉၁.၇ စင္တီမီတာ အျမင့္ထိ ခုန္ၿပီး အျမင့္ဆံုး ခုန္ႏိုင္တဲ့ ေခြးအျဖစ္ မွတ္တမ္း ဝင္ခဲ့ပါတယ္။

စာအုပ္ အသစ္ထဲမွာ တစ္မိနစ္အတြင္း ဝက္အူေခ်ာင္း ၇၈ ခု လုပ္ျပႏုိင္တဲ့ အမိ်ဳးသား၊ ကမာၻ႕အႀကီးဆံုး ဇာထိုးအပ္ အသံုးျပဳႏုိင္သူ၊ ဂ်က္အင္ဂ်င္တပ္ ကားငယ္ေလးနဲ႔ အျမန္ဆံုး စီးနင္းျပႏုိင္သူ၊ ကမာၻ႕အသက္အႀကီးဆံုး ဒီေဂ် အစရွိတဲ့ စံခ်ိန္ေတြကိုပါ ထည့္သြင္း ေဖာ္ျပထားေၾကာင္း သိရပါတယ္။

(Unicode)

ကမ္ဘာ့ အသက်အကြီးဆုံး ကောင်းကင် ဂျွမ်းဘားမယ်အဖြစ် ဂင်းနစ် စံချိန်တင်ခဲ့တဲ့ အမျိုးသမီး

စက်တင်ဘာ - ၆ ၊၂၀၁၈

အမေရိကန်က အမျိုးသမီးကြီး တစ်ဦးဟာ ကမ္ဘာ့ အသက်အကြီးဆုံး ကောင်းကင် ဂျွမ်းဘားမယ်အဖြစ် စံချိန်သစ် ရေးထိုးနိုင်ခဲ့ပါတယ်။

ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ ဘက်တီ ဂေ့ါဒ်ဟတ်ဟာ အသက် ၈၅ နှစ် အရွယ်မှာ ကောင်းကင် ဂျွမ်းဘား ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် ပြသခဲ့တဲ့နောက် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းသစ်မှာ ပါဝင်ခွင့် ရလာခဲ့တာ ဖြစ်ပါတယ်။ သူကတော့ ကိုယ်နှစ်သက်တဲ့ အရာကို လုပ်နေရတဲ့အတွက် အသက်အရွယ်ကို ထည့်မစဉ်းစားခဲ့ဘူးလို့ ပြောပါတယ်။

ဂင်းနစ်ရဲ့ ၂၀၁၉ အတွက် စံချိန်မှတ်တမ်းသစ်များ စာအုပ်ကို စက်တင်ဘာ ၆ ရက်က စတင် ထုတ်ဝေခဲ့ရမှာ တခြား ထူးထူးခြားခြား ကမ္ဘာ့ စံချိန်သစ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ပြီးတော့ တိရစ္ဆာန်တွေရဲ့ စံချိန်သစ်တွေကိုလည်း တွေ့မြင်နိုင်ပြီး အမေရိကန်က ခွေးလေး တစ်ကောင်ဆိုရင် ၁၉၁.၇ စင်တီမီတာ အမြင့်ထိ ခုန်ပြီး အမြင့်ဆုံး ခုန်နိုင်တဲ့ ခွေးအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

စာအုပ် အသစ်ထဲမှာ တစ်မိနစ်အတွင်း ဝက်အူချောင်း ၇၈ ခု လုပ်ပြနိုင်တဲ့ အမျိုးသား၊ ကမ္ဘာ့အကြီးဆုံး ဇာထိုးအပ် အသုံးပြုနိုင်သူ၊ ဂျက်အင်ဂျင်တပ် ကားငယ်လေးနဲ့ အမြန်ဆုံး စီးနင်းပြနိုင်သူ၊ ကမ္ဘာ့အသက်အကြီးဆုံး ဒီဂျေ အစရှိတဲ့ စံချိန်တွေကိုပါ ထည့်သွင်း ဖော်ပြထားကြောင်း သိရပါတယ်။

Recommended