ဧရာဝတီတိုင်းအတွင်းရှိ ကြိုးတံတား ၄ စင်းကို လာမည့် ဘဏ္ဍာနှစ်တွင် ပြင်ဆင်မည်===================ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတား၎စင်းကို လာမည့်ဘဏ္ဍာနှစ်တွင်ြ

  • 6 years ago
ဧရာဝတီတိုင်းအတွင်းရှိ ကြိုးတံတား ၄ စင်းကို လာမည့် ဘဏ္ဍာနှစ်တွင် ပြင်ဆင်မည်
===================
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတား၎စင်းကို လာမည့်ဘဏ္ဍာနှစ်တွင် ပြင်ဆင်တည်ဆောက်သွားမည် ဖြစ်ကြောင်း တိုင်းဒေကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

"ကြိုးတံတား လေးစင်းကို အဓိကထား ဆောင်ရွက်ဖို့ရှိတယ်။လပွတ္တာ က ပင်လယ်လေးကြိုးတံတား၊ ဝါးခယ်မ မြို့နယ်က ကျွန်းကုန်းကြိုးတံတား၊ ရွှေလောင်းတံတား၊ ဝါးခယ်မတံတား ကို ၁၈-၁၉ ဘတ်ဂျက်မှာ ပြုပြင်သွားဖို့ ရှိတယ်။ ဒီဟာတွေကို ကြံခိုင်မှုမရှိလို့ တန်လျော့တယ်။ ဒါတွေကို ပြန်ပြုပြင်ဖို့ရှိတယ်။ တံတားကို ဖျက်လိုက်မယ်။ အသစ်တည်ဆောက်ရင် နိုင်ငံတော် ဘက်ဂျက်ပိုကုန်မယ်”ဟု ဦးဝင်းဌေး က မဇ္ဈိမ သို့ပြောသည်။။

ကြိုးတံတားများ ပြန်လည်ပြင်ဆင်ရာတွင် ပြင်ဆင်ချိန်တစ်နှစ်ခန့် ကြာမည် ဖြစ်ပြီး သွားလာရေးအတွက် ဇက်များအသုံးပြုရမည့်အကြောင်းကို ပြည်သူများအား တွေ့ဆုံရှင်းလင်းသွားမည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ယခင်က ကြိုးတံတား ၆စင်းရှိခဲ့ပြီး ဧပြီလ ၁ရက်နေ့တွင် မြောင်းမြကြိုးတံတား ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် ကြိုးတံတားများ၏ ကြံ့ခိုင်မှုကို ပြန်လည်စစ်ဆေးခဲ့ပြီး ကြိုးတံတားများတွင် ဖြတ်သန်းမည့် ကားများဒ ကုန်တန်ချိန်ကိုလျော့ချခြင်းများလည်း ဆောင်ရွက်ခဲ့ကြသည်။

ရိုက်ကူး - စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

😹
Fun

Recommended