ဘားအံေထာင္က အက်ဥ္းသားေတြကို ကရင္ၿငိမ္းခ်မ္းေရးေကာင္စီက ကူညီရွာေဖြေနစက္တင္ဘာ-၂၄၊၂၀၁၈ဘားအံေထာင္က ထြက္ေျပးလြတ္ေျမာက္သြားတဲ့ အက်ဥ္းသားေတြကို ၀ုိင္၀န္းကူညီရွာေဖြ

  • 6 years ago
ဘားအံေထာင္က အက်ဥ္းသားေတြကို ကရင္ၿငိမ္းခ်မ္းေရးေကာင္စီက ကူညီရွာေဖြေန

စက္တင္ဘာ-၂၄၊၂၀၁၈

ဘားအံေထာင္က ထြက္ေျပးလြတ္ေျမာက္သြားတဲ့ အက်ဥ္းသားေတြကို ၀ုိင္၀န္းကူညီရွာေဖြေနတယ္လုိ႔ ကရင္ျငိမ္းခ်မ္းေရးေကာင္စီအဖြဲ႔က တြဲဘက္အတြင္းေရးမွဴး ေစာေက်ာ္ညြန္႔ကေျပာပါတယ္။

ကရင္ျငိမ္းခ်မ္းေရးေကာင္စီ ထိန္းခ်ဳပ္နယ္ေျမအတြင္းမွာ အက်ဥ္းသားေတြ ၀င္ေရာက္လာႏိုင္တယ္လုိ႔ သက္ဆုိင္ရာအစိုးရအုပ္ခ်ဳပ္ေရးပိုင္းက အေၾကာင္းၾကားလာတဲ့အတြက္ လုံျခံဳေရးပိုင္းကို တုိးျမင့္ေဆာင္ရြက္ထားတယ္လုိ႔ ဆုိပါတယ္။

ကရင္ျငိမ္းခ်မ္းေရးေကာင္စီထိန္းခ်ဳပ္နယ္ေျမထဲကို မသၤကာဖြယ္ရာသူစိမ္းေတြ ၀င္ေရာက္လာရင္ စနစ္တက်စစ္ေဆးေမးျမန္းဖုိ႔နဲ႔ အက်ဥ္းသားေတြျဖစ္ရင္ အေရးယူႏုိင္ဖုိ႔အတြက္ သက္ဆုိင္ရာ စစ္ဗ်ဴဟာ တပ္ရင္းနဲ႔ ဌာနေတြအားလုံးကို အေၾကာင္းၾကားထားတယ္လုိ႔လည္း ဆုိပါတယ္။

အခုလိုမ်ဳိး ကရင္ျငိမ္းခ်မ္းေရးေကာင္စီအဖြဲ႔အေနနဲ႔ ပူးေပါင္းပါ၀င္ေဆာင္ရြက္တဲ့အေပၚ ေက်းဇူးတင္တဲ့အေၾကာင္း ကရင္ျပည္နယ္ရဲတပ္ဖြဲ႔မွ အရာရွိတစ္ဦးက လူမႈကြန္ယက္စာမ်က္ႏွာမွာ မွတ္ခ်က္ျပဳေရးသားခဲ့ပါတယ္။

လက္ရွိမွာ ထြက္ေျပးလြတ္ေျမာက္ေနတဲ့အက်ဥ္းသားေတြကို ကရင္ျငိမ္းခ်မ္းေရးေကာင္စီအဖြဲ႔က ကရင္ျပည္နယ္ရဲတပ္ဖြဲ႔ ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ ဌာေနျပည္သူ႔စစ္အဖြဲ႔နဲ႔အတူ ၀ုိင္း၀န္း ကူညီရွာေဖြေပးေနတယ္လို႔ သိရပါတယ္။

ရုပ္သံသတင္းေထာက္ - ေစာေအာင္မင္းဦး

Unicode

ဘားအံထောင်က အကျဉ်းသားတွေကို ကရင်ငြိမ်းချမ်းရေးကောင်စီက ကူညီရှာဖွေနေ

စက်တင်ဘာ-၂၄၊၂၀၁၈

ဘားအံထောင်က ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို ဝိုင်ဝန်းကူညီရှာဖွေနေတယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က တွဲဘက်အတွင်းရေးမှူး စောကျော်ညွန့်ကပြောပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ ထိန်းချုပ်နယ်မြေအတွင်းမှာ အကျဉ်းသားတွေ ဝင်ရောက်လာနိုင်တယ်လို့ သက်ဆိုင်ရာအစိုးရအုပ်ချုပ်ရေးပိုင်းက အကြောင်းကြားလာတဲ့အတွက် လုံခြုံရေးပိုင်းကို တိုးမြင့်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီထိန်းချုပ်နယ်မြေထဲကို မင်္သကာဖွယ်ရာသူစိမ်းတွေ ဝင်ရောက်လာရင် စနစ်တကျစစ်ဆေးမေးမြန်းဖို့နဲ့ အကျဉ်းသားတွေဖြစ်ရင် အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ စစ်ဗျူဟာ တပ်ရင်းနဲ့ ဌာနတွေအားလုံးကို အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။

အခုလိုမျိုး ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့အနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့အပေါ် ကျေးဇူးတင်တဲ့အကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက လူမှုကွန်ယက်စာမျက်နှာမှာ မှတ်ချက်ပြုရေးသားခဲ့ပါတယ်။

လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေတဲ့အကျဉ်းသားတွေကို ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဌာနေပြည်သူ့စစ်အဖွဲ့နဲ့အတူ ဝိုင်းဝန်း ကူညီရှာဖွေပေးနေတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

Recommended