ကြားဖြတ်အတွက် စင်ကာပူမှာ ကြိုတင်မဲစပေးနေစက်တင်ဘာ-၂၃၊၂၀၁၈၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲအတွက် စင်ကာပူရောက် မြန်မာနိုင်ငံသားမဲဆန္ဒရှင်တွေက ဒီကနေ့မှာ ကြိုတင်ဆန္ဒမဲပေးနေ

  • 6 years ago
ကြားဖြတ်အတွက် စင်ကာပူမှာ ကြိုတင်မဲစပေးနေ

စက်တင်ဘာ-၂၃၊၂၀၁၈

၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲအတွက် စင်ကာပူရောက် မြန်မာနိုင်ငံသားမဲဆန္ဒရှင်တွေက ဒီကနေ့မှာ ကြိုတင်ဆန္ဒမဲပေးနေကြပါပြီ။
စင်ကာပူရောက်မြန်မာနိုင်ငံသားတွေထဲက ကားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးဖို့ ပုံစံ၁၅နဲ့စာရင်းပေးသွင်းထားသူ ၁၈ဦးရှိပြီး ၁၈ဦးစလုံးဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်းနဲ့စက်တင်ဘာ၂၃ မနက်၉နာရီခွဲကနေ ညနေ၄နာရီထိ စင်ကာပူနိုင်ငံ၊မြန်မာသံရုံးမှာ ကြိုတင်မဲလာရောက်ပေးနိုင်တယ်လို့ သံရုံးကကြေညာထားတာပါ။

ကြိုတင်ဆန္ဒမဲပေးခွင့်ရသူ ၁၈ဦးအနက် ဒီနေ့မှာတော့ ၁၇ဦးကလာရောက်မဲပေးကြတယ်လို့ စင်ကာပူရောက်မြန်မာနိုင်ငံသားအရေးဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ ကိုစောမျိုးမင်းလှိုင်ကပြောပါတယ်။

စင်ကာပူနိုင်ငံက ပြည်ပနိုင်ငံတွေထဲမှာ ကြိုတင်ဆန္ဒမဲပေးဖို့အတွက် စာရင်းသွင်းထားမှုအများဆုံးဖြစ်ပါတယ်။
တာမွေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြိုတင်မဲပေးခဲ့သူ ကိုဝင်းထိန်က စင်ကာပူမှာ ကြိုတင်မဲပေးရတာနဲ့ပတ်သက်လို့အခုလိုပြောပါတယ်။

ပြည်ပရောက်မဲဆန္ဒရှင်တွေက ကြိုတင်ဆန္ဒမဲပေးဖို့ သက်ဆိုင်ရာသံရုံးတွေမှာ ပုံစံ(၁၅)နဲ့လျှောက်ထားရတာဖြစ်ပြီး သံရုံးတွေကတစ်ဆင့်ရွေးကောက်ပွဲကော်မရှင်ထံပေးပို့ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမဲပေးခွင့်ရှိမရှိ စိစစ်ရတာဖြစ်ပါတယ်။

စာရင်းပေးသွင်းမှုလာမှုအပေါ် ကော်မရှင်ရဲ့စိစစ်မှုအရ ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်တဲ့ နိုင်ငံအသီးသီးက မဲဆန္ဒရှင်၅၅ဦးရှိတယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်ပရောက်မဲဆန္ဒရှင်တွေအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနထံ စက်တင်ဘာ၅ရက်စတင်ပြီး လွှဲပြောင်းပေးခဲ့တာပါ။

ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲလက်မှတ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေတစ်ဆင့် ပေးပို့ရမယ့် သံရုံး၁၇ရုံးရှိတယ်လို့လည်း သိရပါတယ်။

လစ်လပ်မဲဆန္ဒနယ်၁၃ခုအတွက်ပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ၃ရက်နေ့မှာ ကျင်းပတော့မှာပါ။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်

Category

😹
Fun

Recommended