မြန်မာငွေ တန်ဖိုးနဲ့ ဒေါ်လာဈေး၊ ရွှေဈေးအကြောင်း ပြောကြမယ်လတ်တလောမှာ မြန်မာ ကျပ်ငွေ ၁၆၃၀ ခန့် ကို အမေရိကန် တဒေါ်လာ ဈေးနှုန်း ဖြစ်နေပါတယ်။ ရွှေတကျပ်သား ဈေးနှုန်းက

  • 6 years ago
မြန်မာငွေ တန်ဖိုးနဲ့ ဒေါ်လာဈေး၊ ရွှေဈေးအကြောင်း ပြောကြမယ်

လတ်တလောမှာ မြန်မာ ကျပ်ငွေ ၁၆၃၀ ခန့် ကို အမေရိကန် တဒေါ်လာ ဈေးနှုန်း ဖြစ်နေပါတယ်။ ရွှေတကျပ်သား ဈေးနှုန်းကလည်း ဆယ်သိန်း သုံးသောင်းဝန်းကျင်မှာ ရှိနေတာပါ။

အခုလို ဒေါ်လာငွေလဲလှယ်နှုန်း၊ ရွှေဈေး ၊ စက်သုံးဆီဈေးတွေမြင့်တက်လာတာနဲ့အတူ အခြေခံကုန်ပစ္စည်း တွေရဲ့ဈေးနှုန်းကလည်း လိုက်ပါမြင့်တက်နေပါတယ်။

ဒီလို မြန်မာကျပ်ငွေ ဈေးနှုန်းကျဆင်းနေရတာက ဘာကြောင့်ပါလဲ။ ရွှေဈေး၊ ဒေါ်လာငွေ ဈေးနှုန်းတွေ ကြီးမြင့်လာတဲ့ ဂယက်က အခြေခံ လူတန်းစားတွေ အပေါ်မှာ ဘယ်လိုများ သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါသလဲ။

အဆမတန်မြင့်တက်နေတဲ့ ဒေါ်လာငွေလဲလှယ်နှုန်း ရွှေဈေးနှုန်း တွေရဲ့ အလားအလာက ဘယ်လို ရှိနိုင်သလဲ၊ ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတာကို ဒီကနေ့ညနေ ၄ နာရီ ဘီဘီစီမြန်မာပိုင်းရဲ့ Friday Live အစီအစဉ်မှာ နိုင်ငံခြားငွေ လဲလှယ်ရေး စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်တဲ့ ဒေါက်တာ စိုးထွန်း နဲ့ တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင် တို့နဲ့အတူ ဆွေးနွေးတင်ဆက်ပေး ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း

Recommended