“မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲအကြောင်း ပြောပြတဲ့ အေးမြတ်သူအောက်တိုဘာ - ၁၊၂၀၁၈ လျှို့ဝှက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ “မနေ့ကဖြစ်သည် ၂”ဇာတ်လမ်းတွဲမှာ ရဲမေခက်ခက်ခိုင်အြ

  • 6 years ago
“မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲအကြောင်း ပြောပြတဲ့ အေးမြတ်သူ

အောက်တိုဘာ - ၁၊၂၀၁၈

လျှို့ဝှက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ “မနေ့ကဖြစ်သည် ၂”ဇာတ်လမ်းတွဲမှာ ရဲမေခက်ခက်ခိုင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်အေးမြတ်သူက ဒီဇာတ်လမ်းတွဲရိုက်ကူးခဲ့တုန်းက အတွေ့အကြုံတွေကို ပြန်လည်ဝေမျှလာပါတယ်။

“မနေ့ကဖြစ်သည် ၁” အောင်မြင်ခဲ့တာကြောင့် နောက်ဆက်တွဲဇာတ်လမ်းတွဲကို ဆက်လက်ရိုက်ကူးတာဖြစ်ပြီး ပထမဇာတ်လမ်းတွဲထက် မြှုပ်ကွက်တွေရှိတယ်လို့ အေးမြတ်သူကပြောပါတယ်။

ဇာတ်အိမ်ခိုင်မာမှုတွေအပြင် ရရှိတဲ့ကာရိုက်တာတွေက ပရိသတ်တွေစိတ်ဝင်စားစရာဖြစ်တာကြောင့် ဒီဇာတ်လမ်းတွဲမှာ နောက်ထပ်ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာနေတယ်လို့ အေးမြတ်သူကပြောပါတယ်

မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲပြီးပြီးချင်း မနေ့ကဖြစ်သည် ၂ ဇာတ်လမ်းတွဲကို ထုတ်လွှင့်တာကြောင့် ပရိသတ်တွေအဆက်အသွယ်အမြဲရှိနေသလို ပရိသတ်တွေအားပေးကြတဲ့အတွက် ကျေးဇူးတင်လို အေးမြတ်သူက့ ဆိုလာပါတယ်။

“မနေ့ကဖြစ်သည် ၂” ဇာတ်လမ်းတွဲကို ဒါရိုက်တာသည်ခေတ်နေက ရိုက်ကူးခဲ့တာဖြစ်ပြီး သရုပ်ဆောင်ကျော်ကျော်ဗို၊ အောင်မင်းခန့်၊ခါရာ၊တိုင်ရွန်၊ဆုပန်ထွာ ၊အေးမြတ်သူ နဲ့ တခြားအနုပညာရှင်များစွာ ပါဝင်ထားတာပါ။

ရုပ်သံသတင်းထောက် - အေးမြတ်