
  • 6 years ago

အောက်တိုဘာ - ၁၊၂၀၁၈







Unicode

မှော်ကျောက်စာမှာ နာရီမပတ်ခဲ့ဘူးလို့ ဖြေရှင်းလိုက်တဲ့ ဖြိုးငွေစိုး

အောက်တိုဘာ - ၁၊၂၀၁၈

“မှော်ကျောက်စာ” ရုပ်ရှင်ဇာတ်ကားထဲမှာ ဖြိုးငွေစိုးရဲ့ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဖြိုးငွေစိုးဟာ နန်းတွင်းဝတ်စုံနဲ့ နာရီပတ်ထားတယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်နေကြတာဖြစ်ပြီး တကယ်တမ်းတော့ အဲဒါဟာ လယ်သာလက်ပတ်တစ်ခုသာဖြစ်တယ်လို့ ဖြိုးငွေစိုးကပြောပါတယ်။

ဖြိုးငွေစိုးက မှော်ကျော်စာရုပ်ရှင်ထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က အလွန်အစွမ်းရှိတဲ့ မှော်ဆရာတစ်ယောက်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။

ဒီဇာတ်ကားဟာ အချစ်ဒရာမာဇာတ်ကားဖြစ်ပြီး ခေတ်နှစ်ခေတ်ကိုဆယ်နွယ်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ ဝင်းထွန်းထွန်း(အနုပညာပြချက်)က ရိုက်ကူးထားတာဖြစ်ပြီး အကယ်ဒမီမြင့်မြတ်၊ ဖြိုးငွေစိုး၊ သူထူးစံ၊ အကယ်ဒမီထွန်းထွန်း၊ ရွှေမှုံရတီ၊ မေမြင့်မိုရ်နဲ့ တခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်