၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ==============၉၈ ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော

  • 6 years ago
၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ
==============
၉၈ ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ အောက်တိုဘာလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်အခမ်းအနားမှာတော့ ယခင်နှစ်တွေကထက် လှူဒါန်းမှုတွေပိုများလာခဲ့တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။ ဒါ့အပြင် ရုပ်ရှင်လောကသားတွေဟာ ဘ၀အာမခံချက်မရှိကြတဲ့အတွက် အသက်အရွယ်ကြီးရင့် ပြီး ဆင်းရဲချို့တဲ့သူတွေကို အစည်းအရုံးအနေနဲ့ အခါအားလျော်စွာ ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတယ်လို့ လည်း ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဆိုပါတယ်။

ရိုက်ကူး၊တည်းဖြတ်-ဒေါင်းလူ

သတင်းအပြည့်အစုံ-