နေသာရဲ့ ရှေ့ဖြစ် တေးအယ်လ်ဘမ်မိတ်ဆက်

  • 6 years ago
နေသာရဲ့ ရှေ့ဖြစ် တေးအယ်လ်ဘမ်မိတ်ဆက်
******************************
တေးသံရှင် အသစ်ဖြစ်တဲ့ နေသာရဲ့ ရှေ့ဖြစ် လို့ Title အမည်ပေးထားတဲ့ ပထမဆုံး တစ်ကိုယ်တော် တေးအယ်လ်ဘမ် မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ ပြည်သူရင်ပြင် ၀င်းအတွင်းရှိ My Garden Restaurant မှာ ပြုလုပ်ခဲ့ပါတယ်။

ဇန်န၀ါရီ ၃ ရက်နေ့မှာ စတင်ဖြန့်ချိမဲ့ အယ်လ်ဘမ်မှာ သီချင်းစုစုပေါင်း ဆယ်ပုဒ် ပါဝင်မှာ ဖြစ်ပြီး အဆိုတော် အောင်ထက်၊ အိုင်ရင်း ဇင်မာမြင့်၊ ပိုင်မင်းဟိန်း ၊ ရွှေရည်ဖြိုးမောင်တို့က ပါဝင်အားဖြည့် သီဆိုထားတာ ဖြစ်ပါတယ်။

ဒီတေးစီးရီးကိုတစ်နှစ်ကျော်အချိန်ယူခဲ့ရတာဖြစ်ပြီး တေးရေးဆရာတွေဖြစ်တဲ့ စောခူဆဲ၊မင်းချစ်သူ၊ဆောင်းဦးလှိုင်၊ဝေကြီး၊အောင်ဇော်၊နေငယ်၊ပိုင်မင်းဟိန်း တို့က ဒီအခွေမှာ ပါဝင်တဲ့ တေးသီချင်းတွေကို ရေးစပ်ထားကြပါတယ်။ Music Band တွေအနေနဲ့ Lucky Hand , Hi Bird Band တို့ တီးခတ်ပေးထားတာ ဖြစ်ပါတယ်။

ရိုက်ကူး၊တည်းဖြတ်-ကျော့ကေခိုင်

Category

🗞
News

Recommended