AA နှင့် ARSA တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ဆုံ၍ လှုပ်ရှားနယ်မြေအတွက် ညှိနှိုင်းခဲ့ဟု သမ္မတရုံးဆို

  • 6 years ago
AA နှင့် ARSA တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ဆုံ၍ လှုပ်ရှားနယ်မြေအတွက် ညှိနှိုင်းခဲ့ဟု သမ္မတရုံးဆို
**************************
ရခိုင်လက်နက်ကိုင်အဖွဲ့(AA)နဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ARSA အဖွဲ့တို့အကြား ပြီးခဲ့တဲ့နှစ်၊ ဇူလိုင်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရာမူးမြို့မှာတွေ့ဆုံပြီး လှုပ်ရှားမှုနယ်မြေရရှိရေး ညှိနှိုင်းခဲ့တဲ့အကြောင်းကို သတင်းရင်းမြစ်နှစ်ခုဆီကနေ စုံစမ်းသိရှိထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

လွတ်လပ်ရေးနေ့၊ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲက ရဲကင်းစခန်းလေးခုကို AAက တစ်ပြိုင်ထဲ ဝင်တိုက်တဲ့ဖြစ်စဉ် နောက်ဆက်တွဲအခြေအနေနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၇ရက်နေ့ညနေပိုင်းက သမ္မတအိမ်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက အခုလို ပြောလိုက်တာပါ။

ရိုက်ကူး ၊ တည်းဖြတ် - မင်းမင်း

Recommended