နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (ဘုရားသခင်နှင့်ပတ်သက်၍ သင်မည်သို့ နားလည်သနည်း)

  • 5 years ago
အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ရုံမက ထိုဝိညာဉ်တော်သည် ခုနစ်ဆ ပြင်းထန်သည့် ဝိညာဉ်တော်၊ ခပ်သိမ်းသောအရာတို့ကို လွှမ်းခြုံထားသော ဝိညာဉ်တော်ဖြစ်ကာ လူသားတစ်ဦး၊ လူသာမန် တစ်ဦး၊ အထူးပင် သာမညဖြစ်သော လူသားတစ်ဦးလည်းဖြစ်၏။ သူသည် အမျိုးသားဖြစ်ရုံမက အမျိုးသမီးလည်း ဖြစ်၏။ ၎င်းတို့သည် လူသားများတွင် မွေးဖွားကြသဖြင့် အလားတူကြကာ တစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသနေ္ဓစွဲယူပြီး အခြားတစ်ဦးသည် လူသားတစ်ဦးတွင် မွေးဖွားသော်လည်း ဝိညာဉ်တော်မှ တိုက်ရိုက်ဆင်းသက် လာသဖြင့် ကွဲပြားကြ၏။ ၎င်းတို့နှစ်ဦးစလုံးသည် ဘုရားသခင်၏ ဇာတိပကတိဖြစ်ကာ အဖဘုရားသခင်၏ အမှုကို ထမ်းဆောင်သဖြင့် ဆင်တူကြကာ တစ်ဦးမှာ ရွေးနုတ်ကယ်တင်သည့် အမှုကို ဆောင်ရွက်၍ အခြားတစ်ဦးမှာ သိမ်းပိုက်အောင်မြင်သည့် အမှုကို ဆောင်ရွက်သဖြင့် ကွဲပြားကြ၏။ နှစ်ဦးစလုံးသည် အဖဘုရားသခင်ကို ကိုယ်စားပြုသော်လည်း တစ်ဦးသည် ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာခြင်းတို့နှင့် ပြည့်နှက်နေသော ရွေးနုတ်ကယ်တင်ခြင်း၏ သခင်ဖြစ်ကာ အခြားတစ်ဦးမှာ ဒေါသနှင့် တရားစီရင်ခြင်းတို့နှင့် ပြည့်နှက်နေသော ဖြောင့်မတ်ခြင်း၏ ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်း အမှုကို စတင်ရန် အဓိပတိတပ်မှူးဖြစ်ကာ အခြားတစ်ဦးသည် သိမ်းပိုက် အောင်မြင်ခြင်း အမှုကို ပြီးဆုံးရန် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် အစဖြစ်ကာ ကျန်တစ်ဦးသည် အဆုံးဖြစ်၏။ တစ်ဦးသည် အပြစ်မဲ့သော ဇာတိပကတိဖြစ်ကာ အခြားတစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်းကို ပြီးဆုံးစေပြီး အမှုကို ဆက်လက်ဆောင်ရွက်ကာ မည်သည့်အခါမျှ အပြစ် မဟုတ်သည့် ဇာတိပကတိဖြစ်၏။ နှစ်ဦးစလုံးသည် ဝိညာဉ်တော် တစ်ခုတည်းသာ ဖြစ်သော်လည်း ကွဲပြားသော သွေးသားခန္ဓာများတွင် ကျိန်းဝပ်နေကြကာ ကွဲပြားသော နေရာများတွင် မွေးဖွားကြ၏။ ထို့အပြင် ၎င်းတို့သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ခြားနေကြ၏။ သို့သော် ၎င်းတို့၏အမှု ခပ်သိမ်းသည် အပြန်အလှန် ပံ့ပိုးနေကြကာ မည်သည့်အခါမျှ ပဋိပက္ခမဖြစ်ဘဲ တစ်ချိန်တည်းတွင် ထိုအမှုများအကြောင်းကို ပြော၍ရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် လူသားများဖြစ်သော်လည်း တစ်ဦးသည် သားယောက်ျားလေး ဖြစ်၍ အခြားတစ်ဦးသည် မွေးကင်းစ မိန်းကလေးဖြစ်၏။"

တံဆိပ်များ:

#အသင်းတော်, #ယေရှု, #ဘုရားသခင်, #ကျေးဇူးတော်, #လက်ဝါးကပ်တိုင်,

အကြံပြုစာမျာ:

https://my.kingdomsalvation.org/substance-of-Christ-obedience-to-Heavenly-Father.html


အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။


ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။

www.stockfootage.com

Recommended