ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေမှာ စံချိန်စံညွှန်း မမီသဖြင့် ရဲတပ်ဖွဲ့ဝင်များအတွက် များစွာနစ်နာဟု ဒုရဲမှူးဟောင်း မိုးရန်နိုင်ပြော

  • 5 years ago
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေမှာ စံချိန်စံညွှန်း မမီသဖြင့် ရဲတပ်ဖွဲ့ဝင်များအတွက် များစွာနစ်နာဟု ဒုရဲမှူးဟောင်း မိုးရန်နိုင်ပြော
-------------------
“ ကျွန်တော်အခုဖြစ်တဲ့ကိစ္စမှာ ဘာရဲစည်းကမ်းမှ ဖောက်ဖျက်တာမရှိဘူး။ သို့သော် ဖောက်ဖျက်တယ်လို့ ပြောလို့ရတာက ဒီရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဆိုတာ စံချိန်စံညွှန်းမီတဲ့ ဥပဒေတစ်ခုမဟုတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေအတွက် အများကြီးနစ်နာတဲ့ ဥပဒေတစ်ခုလို့ ကျွန်တော်တို့ မှတ်ယူတယ်။ ဒါကြောင့်မို့လို့ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေကလည်း ဒီမိုကရေစီချီတက်တဲ့ လမ်းကြောင်းမှာ လုံးဝပြုပြင်ရမယ့် ဥပဒေတစ်ခုလို့ ကျွန်တော်မြင်တယ်” ဒုရဲမှူးဟောင်းမိုးရန်နိုင်

ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ- ၁၆(ခ) ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံခဲ့ရသည့် ဒုရဲမှူးဟောင်းမိုးရန်နိုင်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/54398

Recommended