ရန်ကုန် (၆)မြို့နယ်တွင် ဆိုင်ကယ်စီးခွင့်ပြုရေးအဆို လက်ခံဆွေးနွေးရန်မသင့်ဟု လွှတ်တော်ဆုံးဖြတ်

  • 5 years ago
ရန်ကုန် (၆)မြို့နယ်တွင် ဆိုင်ကယ်စီးခွင့်ပြုရေးအဆို လက်ခံဆွေးနွေးရန်မသင့်ဟု လွှတ်တော်ဆုံးဖြတ်
--------------
ရန်ကုန်တိုင်းအတွင်း မြို့နယ် ၆ခုမှာ မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုဖို့ တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးဖို့ မသင့်ကြောင်း ဖေဖော်ဝါရီလ ၄ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ဒဂုံမြို့နယ်သစ်(၄)မြို့နယ်နဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့သစ်တို့မှာ တိကျတဲ့ နယ်နိမိတ်၊ စည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်ကာ တရားဝင်မှတ်ပုံတင်စေပြီး အချိန်ကာလတစ်ခုအထိ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုဖို့ တိုက်တွန်းကြောင်းအဆိုကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ပြည်သူ့လွှတ်တော်အမတ် ဦးအေးနိုင်က တင်သွင်းခဲ့တာပါ။

ရိုက်ကူး/တည်းဖြတ်-မင်းမင်း

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/54471

Recommended