မန္တလေးတိုင်း (အထက်မြန်မာပြည်) မြန်မာ့ရိုးရာလက်ဝှေ့ ဆပ်ကော်မတီအသစ် ပြန်လည် ဖွဲ့စည်း

  • 5 years ago
မန္တလေးတိုင်း (အထက်မြန်မာပြည်) မြန်မာ့ရိုးရာလက်ဝှေ့ ဆပ်ကော်မတီအသစ် ပြန်လည် ဖွဲ့စည်း
********************
မန္တလေးတိုင်းဒေသကြီး(အထက်မြန်မာပြည်) မြန်မာ့ရိုးရာလက်ဝှေ့ ဆပ်ကော်မတီအသစ် ပြန်လည် ဖွဲ့စည်းခြင်း အကြောင်းအရာများနှင်ပတ်သက်ပြီး မီဒီယာသို့သတင်းစာရှင်းလင်းခြင်းကို မတ်လ ၁၂ ရက်၊မွန်းလွဲပိုင်းက မန္တလေးမြို့၊ကန်တော်ကြီးပတ်လမ်းရှိ နယူးပန်းနားစားသောက်ဆိုင်တွင်ပြုလုပ်စဉ်။

မန္တလေးတိုင်းဒေသကြီးမှ ထူးချွန်သော ရိုးရာလက်ဝှေ့ ကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး လက်ရှိ ဖွင့်လှစ်ထားသော လက်ဝှေ့ ကလပ်များနှင့်အသစ်တိုးချဲ့ဖွင့်လှစ်မည့် လက်ဝှေ့ ကလပ်များကိုပါ ထောက်ပံ့ပေး မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရိုးရာလက်ဝှေ့ ကစားသမားများပေါ်ထွက်လာရေးအတွက် တစ်လလျှင် တစ်ကြိမ်ပွဲကျင်းပနိုင်ရေးကိုပါ ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကိုသတင်းစာရှင်းလင်းပွဲတွင် ဦးသန့်စင်(ဥက္ကဋ္ဌ/မန္တလေးတိုင်းဒေသကြီး (အထက်မြန်မာပြည်) မြန်မာ့ရိုးရာလက်ဝှေ့ ဆပ်ကော်မတီ) နှင့် ဦးဒဿ(အတွင်းရေးမှူး / မန္တလေးတိုင်း ဒေသကြီး (အထက်မြန်မာပြည်) မြန်မာ့ရိုးရာလက်ဝှေ့ ဆပ်ကော်မတီ)က ရှင်းလင်းခဲ့သည်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ







Recommended