သြင်္ကန်တွင်း အိတ်ဇောသံကျယ်စေတဲ့ ဆိုင်ကယ်များဖမ်းမိပါက သိမ်းဆည်းအရေးယူမည် (ရုပ်သံ)

  • 5 years ago
ဧရာဝတီ၊ ဧပြီ ၁၊ ၂၀၁၉

သြင်္ကန်ကာလအတွင်း အသံကျယ်အောင် အိတ်ဇောတပ်ဆင်ထားတဲ့ ဆိုင်ကယ်တွေ သိမ်းဆည်းအရေးယူမှာ ဖြစ်ပြီး တရားမဝင်စီးနင်းတာတွေ ဆိုရင် တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး က ပြောပါတယ်။
သြင်္ကန်မတိုင်ခင် ဖမ်းဆီးထားတဲ့ အိတ်ဇောသံကျယ်လောင်အောင် တပ်ဆင်ထားတဲ့ ဆိုင်ကယ်တွေကို သြင်္ကန်ကာလအပြီး တရားရုံးတင်ပြီးမှ ပြန်လည်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဉာဏ်စိုးဝင်း

Recommended