ဘုရားသခင်၏ ပြောဆိုသံ (သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည်)

  • 5 years ago
အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- "သင်တို့၏ နေ့စဉ်ဘဝများတွင် သင်တို့သည် သမ္မာတရား သို့မဟုတ် ကောင်းသော ဆင်ခြင်တုံတရားမရှိသည့် ပတ်ဝန်းကျင်နှင့် အသိုင်းအဝိုင်းတွင် နေထိုင်နေကြသည်။ သင်တို့တွင် ဖြစ်တည်ခြင်း၏ အဓိကမတည်မှု ကင်းမဲ့ပြီး ငါ သို့မဟုတ် သမ္မာတရားကို သိရှိနိုင်စေမည့် အခြေခံအုတ်မြစ်လည်း မရှိပေ။ သင်တို့၏ ယုံကြည်ခြင်းသည် မရေရာသော စိတ်ချယုံကြည်မှု သို့မဟုတ် ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းတို့အပေါ် တည်ဆောက်ရုံမျှသာ တည်ဆောက်ထားပြီး အသိပညာမှာလည်း အယူဝါဒအပေါ်တွင်သာ လုံးဝအခြေခံထားသည်။ နေ့စဉ်နေ့တိုင်း ငါသည် သင်တို့၏ လှုပ်ရှားမှုများကို ကြည့်ရှုနေပြီး သင်တို့၏ ရည်ရွယ်ချက်များနှင့် ဆိုးယုတ်သော အသီးအပွင့်များကို စစ်ဆေးနေသည်။ ဘယ်သောအခါမျှ ရွေ့လျားခြင်း မရှိသော ငါ၏ ယဇ်ပလ္လင်ထက်တွင် မိမိနှလုံးသားနှင့် စိတ်ဝိညာဉ်ကို စစ်မှန်စွာ တင်ထားသော သူတစ်ဦး တစ်ယောက်ကိုမျှ ငါမတွေ့ဖူးသေး။ သို့ကြောင့် ထိုသို့သော လူသားမျိုးနွယ်အတွက် ငါဖော်ပြလိုသော နှုတ်ကပတ်တော် အားလုံးကို အလဟဿ ဖွင့်ချရန် ဆန္ဒမရှိ။ ငါ၏နှလုံးထဲတွင် မပြီးမြောက်သေးသော ငါ၏အမှုများကို ပြီးစီးစေရန်နှင့် ကယ်တင်ရန်ကျန်နေသေးသော လူသားမျိုးနွယ်တို့အတွက် ကယ်တင်ခြင်းကို ယူဆောင်လာ ပေးရန်သာ စီမံနေသည်။ မည်သို့ပင်ဆိုစေကာမူ ငါ့နောက်လိုက်သူများ အားလုံးကို ငါ၏ ကယ်တင်ခြင်းနှင့် လူသားတို့အပေါ်တွင် ငါ့နှုတ်ကပတ်တော်မှ နှင်းအပ်ထားသည့် သမ္မာတရားတို့အား ရရှိစေလိုသည်။ တစ်နေ့ သင်၏မျက်လုံးများ မှိတ်သွားသောအခါ မွှေးရနံ့သင်းပျံ့နေသောလေနှင့် အသက်ရေစီးနေသော စမ်းချောင်းများ ရှိသည့် နိုင်ငံတော်ကို တွေ့ရစေလိုပြီး၊ မှောင်မိုက်တိမ်လွှမ်းသော ကောင်းကင်များနှင့် ငိုယိုအော်ဟစ်သံ မဆိတ်သုန်းသော ညိုမှိုင်းအေးစက်နေသည့် ကမ္ဘာကို ငါသင်တို့ကို မတွေ့စေလိုပါ။"

အကြံပြုစာမျာ:

https://my.kingdomsalvation.org/when-God-made-anew-heaven-earth.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended