UB103 ရဲ့ လေယာဉ်ဆင်းအတွေ့အကြုံ

  • 5 years ago
UB103 ရဲ့ လေယာဉ်ဆင်းအတွေ့အကြုံ
*************************
မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မေ ၁၂ ရက် နံနက် ၈ နာရီ ၁၇ မိနစ်က Myanmar National Airlines လေယာဉ်ခရီးစဉ်အမှတ် UB103 ဆင်းသက်ရာတွင် ရှေ့ဘီးချမရ၍ လေယာဉ် ရှေ့ဦးပိုင်းစိုက်အနေအထား ဖြင့် ဆင်းသက်ခဲ့ရမှု ဖြစ်ပွားခဲ့ပါတယ်။

လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်နေမင်းကလည်း သူ့အတွေ့အကြုံကို ဗီဒီယို ရိုက်ကူးထားခဲ့ပါတယ်။လေယာဉ်ပေါ်ပါ ခရီးသည် ၂ ဦးကတော့ သူတို့အတွေ့အကြုံကို အခုလို ပြောပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ်ကလည်း ချက်ချင်းလာရောက်ခဲ့ပြီး ခရီးသည်တွေ ဘေးအန္တရာယ်ကင်းရှင်းရေး လာရောက်စစ်ဆေးခဲ့ပါတယ်။

အခုလို လေယာဉ်အရေးပေါ်ဖြစ်တာမျိုး ရန်ကုန်လေဆိပ်မှာ ဘင်္ဂလားဒေ့ရှ်လေယာဉ် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့တာကြောင့် မေလအတွင်းမှာ နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့တာပါ။

မေ ၁၂ ရက် ညနေ ၅ နာရီ နောက်ဆုံးရသတင်းအနေနနဲ့ အခြေအနေတွေက အေးဆေးသွားပြီလို့ သိရပါတယ်။

ရိုက်ကူး-ဘိုဘို

သတင်း-အောင်ကိုဦး

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended