ဧရာဝတီပညာ ကျန်းမာဖောင်ဒေးရှင်းမှ တိုင်းအစိုးရသို့ မေလအကုန်တွင် ၁.၀၂ ဘီလီယံ ပေးသွင်းမည်

  • 5 years ago
ဧရာဝတီပညာ ကျန်းမာဖောင်ဒေးရှင်းမှ တိုင်းအစိုးရသို့ မေလအကုန်တွင် ၁.၀၂ ဘီလီယံ ပေးသွင်းမည်
*********************************
ဧရာဝတီတိုင်းဒေသကြီးအစိုးရသို့ ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း က မေလ ၃၁ရက်နေ့တွင် ၁.၀၂ ဘီလီယံအား ပေးသွင်းမည်ဟု တိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရ၏ တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ဧရာရွှေဝါခန်းမတွင်မေလ၂၂ရက်နေ့က မီဒီယာများအား တွေ့ဆုံရှင်းလင်းစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

"လောလောဆယ်၃.၄ဘီလီယံပေးသွင်းထားပါတယ်။ ကျန်တဲ့ငွေတွေက ဖွံဖြိုးရေး လုပ်ငန်း၂၈ခု ရှိပါတယ်။ အစိုးရနဲ့ပြည်သူ ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်။ စာရင်းစစ်ချုပ်ရဲ့စိစစ်တွက်ချက် ပြီးတဲ့အခါမှာ နောက် ထပ် ၁.၀၂ ဘီလီယံကို ၃၁ရက်နေ့ ရမှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံဘဏ္ဍာ ဝန်ကြီး ဦးဌေးဝင်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးရေးဖောင်ဒေရှင်းမှ ပေးရန်ကျန်ငွေ များအတွက် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဖျာပုံမြို့နယ် မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဇေယျာမင်းသိန်းက မေးမြန်းခဲ့ဖူးသည်။
ရိုက်ကူး - စည်သူမောင်မောင်

Recommended