" လူသတ်တရားခံကြည်လင်းတို့ အင်းစိန်မှာ အချုပ်ထုတ်တာတောင်မှ ရဲဝန်ထမ်းတွေက အကြမ်းမဖက်ဘူး"

  • 5 years ago
" လူသတ်တရားခံကြည်လင်းတို့ အင်းစိန်မှာ အချုပ်ထုတ်တာတောင်မှ ရဲဝန်ထမ်းတွေက အကြမ်းမဖက်ဘူး"
****************************
စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ

တပ်မတော်ဘက်မှ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုထား သော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်အပါအ၀င် ၅ ဦးကို မေလ ၂၉ ရက်နေ့၊ ညနေ ၃ နာရီခန့်၊ မရမ်းကုန်းမြို့နယ်တရားရုံးသို့ အင်းစိန်ထောင်မှ အချုပ်ကားဖြင့် ခေါ်ယူလာပြီး တရားခွင်သို့ပို့ရာတွင် လုံခြုံ ရေးပေးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တရားစွဲခံရသူတို့အကြား နှစ်ဖက်အချေအတင် အချင်းများမှု ဖြစ်ပွားခဲ့သည်။

ယခုရုံးချိန်းတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးအင်အားကို ယခင်ရုံးချိန်းများထက် တိုးမြှင့်ချထားပြီး ရုံးချိန်းသို့ ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစားများ စိစစ်ရေးကော်မတီ မှ တာဝန်ရှိသူများလည်း လာရောက်ခဲ့ကြသည်။

ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များနှင့် သံချပ်အဖွဲ့တို့အကြား အချင်းများမှုများ၊ ရဲလုံခြုံရေးအင်အား သာမန်ထက် များပြားနေမှုအခြေအနေများကို နောင်ရုံးချိန်းများတွင် မဖြစ်ပွားစေရန်အတွက် လက်ရှိတွင် ညှိနှိုင်းဆောင်ရွက် ထားပြီဖြစ်ကြောင်း စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended