• 5 years ago
Myanmar Gospel Song (ဖန်ဆင်းခံ သတ္တဝါအားလုံးရဲ့အသက်သည် ဘုရားဆီမှ လာသည်)



လူသားအပေါ် ဘုရားနှင်းအပ်တဲ့အသက်ဟာ အဆုံးမဲ့ပါ

ခန္ဓာ၊ အချိန်၊ နေရာက မချုပ်နှောင်ထားပါ

ဒါဟာ လူသားအပေါ် ဘုရား နှင်းအပ် တဲ့အသက်ရဲ့ဆန်းကြယ်မှုပါ…

အဲဒါက သက်သေ၊

ဘုရားပေးသော အသက်လက်ဆောင်၏သက်သေပါ

အသက်ရဲ့အရင်းမြစ်က ဘုရားထံကဆိုတာ

လူတွေ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ

ဒါပေမဲ့ ဘုရားဆီကလာတဲ့အရာအားလုံးကို

သူတို့ သာယာကြည်နူးနေတာ

ဘုရားဟာ စိတ်ပြောင်းပြီး လောကနှင့် သူ့အသက်ကို ပြန်သိမ်းပါက

ကမ္ဘာလောကနှင့် သက်ရှိသတ္တဝါတွေအားလုံး၊

ဖန်ဆင်းခံအားလုံးဟာ ထာဝရပျောက်ကွယ်သွားလိမ့်မယ်

ဘုရားဟာ သက်ရှိ၊သက်မဲ့အားလုံးကို

သူ့အသက်ဖြင့် ထောက်ပံ့ထားသည်

သူ့ရဲ့တန်ခိုးနှင့် အာဏာက စည်းစနစ်ကျမှုကို ဖြစ်စေသည်

နားမလည်နိုင်သော သမ္မာတရားတစ်ခုဖြစ်တဲ့

ဘုရားရဲ့ အသက်တာအင်အားအတွက်

သက်သေအထောက်အထားပါ

ယခု ဘုရားက သင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောချင်တာ

သူ့အသက်ရဲ့တန်ခိုးနှင့် ကြီးမြတ်မှုကို သတ္တဝါအားလုံး လက်လှမ်းမမီပါ

ဤအချက်သည် အစဉ်မှန်ကန်



ဖော်ပြရန် ဘုရားရဲ့ ဒုတိယလျှို့ဝှက်ချက်ကတော့

ဘုရားဟာ ပုံစံအမျိုးမျိုးနှင့်

ဖန်ဆင်းခံအားလုံးအတွက် အသက်အရင်းအမြစ်ပါ

ဘုရားချမှတ်ပေးတဲ့ လမ်းကို သက်ရှိအားလုံး လျှောက်တာ

ဘာဖြစ်ဖြစ် လူသားများကို ဘုရား နားလည်စေချင်တာက

ဘုရားရဲ့ ဂရုစိုက်မှု၊ စောင့်ရှောက်မှု၊ ပံ့ပိုးမှုပါပဲ

လူသည် ဘယ်လောက်ပဲ ကြိုးစား ရုန်းကန်ပါစေ

သူ့အတွက်လျာထားသောအရာကို မရနိုင်ဘူး

ဘုရားဆီက အသက်ရဲ့ထောက်ပံ့မှုမပါပဲ၊

လူသားဟာ ဘဝ၏အဓိပ္ပာယ်နှင့်ရည်ရွယ်ချက်တွေ

ပျောက်ဆုံးသွား မှာပါ

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

နောက်ထပ် အကြံပြု ဓမ္မသီချင်းများ
https://my.godfootsteps.org/videos/where-is-my-home-mv.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Category

🎵
Music

Recommended