ညဈေးတန်း အဆင့်မြှင့်တင်မှု ဈေးသည်များ လက်မခံ (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ ၊ ဂျွန် ၆ ၊ ၂၀၁၉

ရန်ကုန် ကမ်းနား ညဈေးတန်း အဆင့်မြှင့်တင်မှု အခြေအနေသည် လာမည့် သြဂုတ်လတွင် စတင်ဖွင့်လှစ်မည်ဟု သိရှိရသည်။ အဆိုပါ ညဈေးတန်း အဆင့်မြှင့်တင်မှုကို A 25 Myanmar Development ကုမ္ပဏီမှ အဓိက တာဝန်ယူ လုပ်ဆောင်နေသည်။

အဆင့်မြှင့်တင်မည့် ညဈေးတန်း ဆိုင်ခန်းနေရာများတွင် စားသောက်ဆိုင်များ ၊ လူသုံးကုန်ပစ္စည်းများ ၊ ဖျော်ဖြေရေး အစီအစဉ်များ ၊ အရက်ဘီယာများရောင်းချမည့် ကွန်တိန်နာ ဘားများ ၊ အထပ်မြင့် ကားပါကင်များ ပါဝင်လာမည်ဖြစ်သည်။

ညဈေးတန်း အဆင့်မြှင့်တင်ရန်အတွက် လက်ရှိရောင်းနေသော ဈေးဆိုင်များ နေရာအရွှေ့အပြောင်းများ ရှိ၍ ဈေးသည်များက လက်မခံနိုင်ကြောင်း ပြောဆိုသည်။

Recommended