Skip to playerSkip to main contentSkip to footer
  • 6/13/2019
အင်းစိန်ထောင်၏ မျက်နှာချင်းဆိုင်တွင် ဆောက်လုပ်မည့် စုပေါင်း ရာဇဝတ် တရားရုံးသည် ကျပ်သန်းပေါင်း ၆ထောင် ကုန်ကျမည်ဖြစ်၍ လွှတ်တော် ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့သည်။

ယခင်နှစ်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ယင်းလုပ်ငန်း၏ မြေစမ်းသပ်ခ၊ ဒီဇိုင်းရေးဆွဲခ နှင့် မြေသားပြုပြင်ခြင်းအတွက် (၁၆၆၆.၄၀၀) ကျပ်သန်း တင်ပြတောင်းခံခဲ့ပြီးဖြစ်သည်။ စုပေါင်း ရာဇဝတ်တရားရုံး တည်ဆောက်ရန်အတွက် ခန့်မှန်းကြမ်းခင်း ဧရိယာမှာ ၃၀၄၉၂၀ စတုရန်းပေ ဖြစ်ပြီး စီမံကိန်းတန်ဖိုးမှာ (၁၅၂၄၆.၀၀၀) ကျပ်သန်း ခန့်မှန်းတင်ပြထားသည်။

မနေ့က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ရိုက်ကူး/ တည်းဖြတ်- အဲမလီ

Category

🗞
News

Recommended