အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၇၄ နှစ်မြောက်မွေးနေ့အတွက် ပုသိမ်တွင် ဆွမ်းဆန်စိမ်း လောင်းလှူ

  • 5 years ago
အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၇၄ နှစ်မြောက်မွေးနေ့အတွက် ပုသိမ်တွင် ဆွမ်းဆန်စိမ်း လောင်းလှူ
*****************************
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၄နှစ်မြောက်မွေးနေ့အတွက် ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ဇွန်လ ၁၉ရက် ၊ မွန်းလွဲ ၂နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါလောင်းလှူပွဲတွင် NLD ပါတီဝင်များ တိုင်းဒေသကြီးအစိုးရ၊တိုင်းဒေသကြီးလွှတ်တော်နှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ယခုပြုလုပ်သော ဆွမ်းဆန်စိမ်း လောင်းလှူမှုသည် ၃ကြိမ်မြောက်ဖြစ်ပြီး ညနေပိုင်းတွင် စတုဒီသာများ ကျွေးမည်ဟု သိရသည်။

ရိုက်ကူး - စည်သူမောင်မောင်

Recommended