ရွှေတောင်ဖောင်ဒေးရှင်းအနေဖြင့် ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူဖြစ်စေရန် ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် အလေးထားကာ ပံ့ပိုးဆောင်ရွက်လျက် ရှိသည်။ ယခုအခါ ပညာရေးကဏ္ဍအတွက် မြန်မာနိုင်ငံအဝန်း စာသင်ကျောင်းပေါင်း (၁၀၈)ကျောင်းကို ဆောက်လုပ်လှူဒါန်းပြီး ဖြစ်သကဲ့သို့ ကျန်းမာရေးကဏ္ဍတွင် ဆေးရုံ(၃) ရုံအပါအဝင် လူငယ်ဖွံ့ဖြိုးရေး စင်တာများကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။
မြန်မာသိုင်းသင်တန်းကျောင်း၊ သင်တန်းခန်းမသစ် အဆောက်အဦး လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို အဆိုပါ သင်တန်းခန်းမ တည်ရှိရာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၊ မောင်းမကန်ကမ်းသာလမ်းရှိ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တွင် ဇွန်လ ၂၃ရက်က ကျင်းပပြုလုပ်ခဲ့သည်။

Category
🗞
News