ဂေဟစနစ်ပျက်စီးလာတဲ့ Everglades သဘာဝဥယျာဉ်

  • 5 years ago
ဂေဟစနစ်ပျက်စီးလာတဲ့ Everglades သဘာဝဥယျာဉ်
*******************************
အမေရိကန်ပြည်ထောင်စုက Everglades အမျိုးသား သဘာဝဥယျာဉ်ကြီးကို ပျောက်ကွယ်လာနေတဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ကုလသမဂ္ဂက ၂၀၁၀ ခုနှစ်ကတည်းက ထည့်သွင်းထားတာပါ။ ဒီသဘာဝ ဥယျာဉ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆယ်စုနှစ်တွေနဲ့ချီ ကြိုးပမ်းနေပေမဲ့လို့ ဂေဟစနစ်ပျက်စီးလာမှု ပိုဆိုးလာနေတဲ့အကြောင်း ထိန်းသိမ်းစောင့်ရှောက်သူတွေက ပြောပါတယ်။ ဒါကြောင့် ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ UNESCO ဒီသီတင်းပတ်ထဲ တွေ့ဆုံကြတဲ့အခါ ဒီ Everglades သဘာဝဥယျာဉ်ကြီးကို အန္တရာယ်ကျရောက်နေတဲ့ နေရာတခုစာရင်းမှာ ဆက်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ကိစ္စ ဆွေးနွေးကြလိမ့်မယ်လို့ ယူဆရပါတယ်။ ဗွီအိုအေသတင်းထောက် Kevin Enochs ပေးပို့တဲ့ သတင်းကို ကိုသားညွှန့်ဦး က တင်ပြပေးပါမယ်။

Category

🗞
News

Recommended