ဟောင်ကောင်အရေး ဗြိတိန်ထောက်ခံမှု တရုတ်ဝေဖန်

  • 5 years ago
ဟောင်ကောင်အရေး ဗြိတိန်ထောက်ခံမှု တရုတ်ဝေဖန်
******************
ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေကို ထောက်ခံကြောင်း ဗြိတိန်က ပြောဆိုခဲ့တဲ့နောက် ဗြိတိန်ဟာ ထင်ထင်ပေါ်ပေါ် ကြားဝင် နှောက်ယှက်နေတယ်လို့ တရုတ်အစိုးရက စွပ်စွဲလိုက်ပါတယ်။ ဗြိတိန်ကလည်း ဟောင်ကောင်ကို တရုတ်ကို လွှဲပြောင်းပေးချိန်က ဟောင်ကောင်အနေထားနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေကို ဖောက်ဖျက်မယ်ဆိုရင် ကြီးမားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ တရုတ်အစိုးရကို သတိပေးလိုက်ပါတယ်။ ဒီမိုကရေစီရေး ထောက်ခံသူတွေကတော့ ဟောင်ကောင်လူထု လွတ်လပ်အောင် လုပ်ပေးဖို့ ဗြိတိန်မှာ ဝတ္တရားရှိသလို တရားဝင်လည်း လုပ်နိုင်တဲ့အတွက် အခုထက်ပိုပြီး ဆောင်ရွက်ပေးဖို့ တိုက်တွန်းနေပါတယ်။ Henry Ridgwell ပေးပို့တဲ့သတင်းလွှာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

Category

🗞
News

Recommended