ပြည်ဆေးရုံကြီးမှ ဆေးရုံတက်စရာ မလိုဟုပြောကာ ပြန်လွတ်လိုက်သည့် ၅ လသား ကလေး သေဆုံးမှုဖြစ်ပွား (ရုပ်/သံ)

  • 5 years ago
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် ကုတင် ၅၀၀ ဆေးရုံကြီးမှာ ဇူလိုင်လ ၈ ရက်နေ့ နေ့လည် ၁ နာရီခန့်က ၅ လ သားအရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပါတယ်။

မသေဆုံးမီ နံနက် ၁၁ ခန့်က ဆေးရုံကြီး ပြင်ပလူနာဌာနကို အချိန်မှီလာရောက်ပြသခဲ့သော်လည်း တာဝန်ကျဆရာဝန်မ တဦးမှ စမ်းသပ်ပြီး ဆေးရုံတက်စရာလိုကြောင်းပြောဆိုကာ အိမ်ကိုပြန်လွှတ်ခဲ့ပါတယ်။

အိမ်အပြန်လမ်းမှာပဲ ကလေးဟာ မသက်သာလို့ အပြင်ဆေးခန်း၂ ခုကို ဝင်ပြခဲ့ရာ ဆရာဝန်များမှ အရေးပေါ်အခြေအနေဖြစ်လို့ ဆေးရုံကြီးကိုပြန်လွှတ်ခဲ့ပါတယ်။ ကလေးငယ်ဟာ ဆေးရုံကြီးပေါ်ရောက်ပြီး မိနစ်အနည်းငယ်အတွင်း သေဆုံးခဲ့ရတာဖြစ်ပါတယ်။