ရေဘေးသင့် ရိုဟင်ဂျာဒုက္ခသည်အရေး ဘန်ကီမွန်း စိုးရိမ်

*****************
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုန်ရာသီအတွင်း ရေကြီးမှုတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက ပြောလိုက်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုတွေကို တုံ့ပြန်နိုင်ရေး ကော်မရှင် (GCA) ရဲ့ အကြီးအကဲအဖြစ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒေသက ကုတုပလောင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ချိန် သူတွေ့နေရတာတွေဟာ မယုံနိုင်စရာကောင်းလောက်အောင် ၀မ်းနည်းဖို့ကောင်းတယ်လို့ ပြောပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။