ခြေဥပြင်ဆင်ရေးတွင် အမျိုးသားရေး လက္ခဏာများကို ထိပါးပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု ပြည်ခိုင်ဖြိုးဆို

  • 5 years ago
ခြေဥပြင်ဆင်ရေးတွင် အမျိုးသားရေး လက္ခဏာများကို ထိပါးပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု ပြည်ခိုင်ဖြိုးဆို
***********************
၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်မှုတွင် အမျိုးသားရေးစရိုက်လဏ္ခများကိုထိပါးလာပါက ပြင်းထန်စွာ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေကြီး၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ထုတ်ပြန် ခဲ့သည်။

“၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ ပြီးပြည့်စုံသော ဖွဲ့ စည်းပုံအခြေခံဥပဒေဖြစ်တယ်။ ဒီဖွဲ့ စည်းပုံအခြေခံ ဥပဒေကို မထိနဲ့ မပြင်ရဘူးလို့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီ ခံယူထားခြင်းမရှိပါဘူး။ ဖွဲ့ စည်းပုံအခြေခံ ဥပဒေတွေဟာ ခေတ်စနစ်နဲ့ အညီခေတ်ကာလအပေါ်မှာမူတည်ပြီးတဲ့အခါမှ မဆီလျော်ခဲ့ရင် ပြင်ဆင်ရမယ်။ ပြုပြင်ရမယ်။ပြောင်းလဲရမယ်ဆိုတာကို ပြည်ခိုင်ဖြိုးပါတီက လက်ခံထားပြီးဖြစ်ပါတယ်။ သို့ သော်မပြင်ဆင်တဲ့ အချက်တွေကိုပြင်ဆင်လာမယ်ဆိုရင် နိုင်ငံ့အရေးအရာတွေနဲ့ ဆက်စပ်ပြီးတော့၊နိုင်ငံရဲ့  အချုပ်အခြာ အာဏာ ကို ထိပါးလာမယ် အမျိုးသားရေးစရိုက်လဏ္ခထိပါးလာရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အဆင့်ဆင့် အသီးသီးမှာရှိကြသော ပါတီဝင်ထုကတော့ လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ၊ဇွတ်အဓမ္မ ဥပဒေကိုကျော်လွှားပြီးတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဇွတ်ပြင်မယ်ဆိုရင် ကျွန်တော်တို့ က အပြင်းအထန်တုံ့ပြန်ကန့် ကွက် ဆောင်ရွက် သွားမယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းကိုကို က ဇူလိုင်လ ၁၅ရက်နေ့ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တိုင်းရုံးတွင် မီဒီယာ များအား ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ တွင် ပုဒ်မပေါင်း ၄၅၇ခု၊အခန်း ၁၅ခန်းပါဝင်ပြီး အချို့ပုဒ်မများအား ခေတ်ကာလ နှင့်အညီ ပြင်ဆင်ရန်နှင့် ထိုသို့ ပြင်ရာတွင် အမျိုးသားရင်ကြားစေ့ရေးကို မပျက်ပြားစေဘဲ နိုင်ငံတော်နှင့် အမျိုးသား အကျိုးစီးပွားကို မထိခိုက်စေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ရေးနည်းလမ်းများအတိုင်း ဆောင်ရွက်ရန် မိမိတို့ ပါတီဝင်များအနေဖြင့် လက်ခံယုံကြည်ပါကြောင်းနှင့် ဥပဒေနှင့်မညီသော ကြိုးစား ဆောင်ရွက်မှုများကို ကန့် ကွက်ပါကြောင်း ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ခဲ့သည်။

ရိုက်ကူး - စည်သူမောင်မောင်

Recommended