• 6 years ago
ဆင်တွေကို ချစ်ခင်တန်ဖိုးထားတတ်စေဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ဆင်များနေ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ မူလတန်းကျောင်းမှာ သြဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ကမ္ဘာ့ဆင်များနေ့မှာ အသက်အရွယ် အိုမင်းပြီး ဒဏ်ရာများရရှိထားလို့ မြန်မာ့သစ်လုပ်ငန်း ဌာနကနေ အနားပေးထားတဲ့ သက်ကြီးရွယ်အိုဆင် ၅ ကောင်နဲ့ ကွန်ဂျီဆင် ၃ ကောင်ကို ငပုတောမြို့နယ်က ကျောင်းသားလူငယ်တွေနဲ့ ကျေးရွာ ဒေသခံတွေက ဆင်အစာဘူဖေး ကျွေးမွေးခဲ့ကြပါတယ်။

တောရိုင်းတိရိစ္ဆာန်ဈေးကွက်မှာ ဝယ်လိုအားများနေတာကြောင့် ဆင်သတ်မုဆိုးတွေဟာ တောဆင်ရိုင်းတွေကို သတ်ဖြတ် ရောင်းချတာတွေ လုပ်ဆောင်တဲ့အတွက် တောဆင်ရိုင်းတွေဟာ မျိုးတုန်းပျောက်ကွယ်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး မြန်မာတနိုင်ငံလုံးမှာ တောဆင်ရိုင်း အကောင်ရေ ၁၆၀၀ ကနေ ၂၀၀၀ လောက်သာ ကျန်ရှိ တော့တယ်လို့ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီးဌာန စာရင်းများအရ သိရပါတယ်။

Category

🗞
News

Recommended