ခရစ်တော်၏ဖော်ပြချက်များ (မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်)

  • 5 years ago
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူ့စိတ်သဘောထားသည် မိမိ၏ အရင်းအမြစ်မှန်ကို သိခြင်းမှစ၍ အတွေးအခေါ်၊ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာ မြင်ကွင်းအထိ ပြောင်းလဲခြင်းရှိရပေမည်။ အခြေခံကျသော ပြောင်းလဲမှုရှိရမည်။ ဤနည်းဖြင့်သာ လူ့စိတ်သဘောထားအတွင်း အစစ်အမှန် ပြောင်းလဲခြင်းများ ဖြစ်မြောက်သည်။ လူသား၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် စာတန်၏ အဆိပ်ခတ်ခြင်းနှင့် နင်းခြေခြင်းကို ခံရခြင်း၊ ၎င်း၏စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိဉာဏ်တို့အပေါ် စာတန်မှ လွန်ကဲစွာ ဘေးသင့်စေမှုတို့မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အတိအကျအားဖြင့် လူသား၏ ဤအခြေခံအချက်များသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရခဲ့ကာ၊ ၎င်းတို့သည် ဘုရားသခင်မှ နဂိုမူလက ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်၊ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို နားမလည်ခြင်း ဖြစ်သည်။ ထိုကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲခြင်းသည် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိဉာဏ်၏ ပြောင်းလဲခြင်းတို့ဖြင့် အစပြုရမည်။ သို့မှသာ သူ၏ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာနှင့် သမ္မာတရားနှင့် ပတ်သက်သော အသိပညာသည် ပြောင်းလဲမည်ဖြစ်သည်။”

ဆောင်ရွက်မှုများ

အနန္တတန်ခိုးရှင် ဘုရားသခင်- မေရှိယ၏ ကြွလာခြင်း
https://my.kingdomsalvation.org/

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended