ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏

  • 5 years ago
အနန္တတန်ခိုးရှင် ဘုရားသခင်ပြောသည်- “‘ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း’ နှင့် ဘုရားသခင်ကို သိခြင်းတို့သည် မြောက်မြားစွာသောကြိုးမျှင် တို့ဖြင့် ခွဲခြား၍မရနိုင်အောင် ဆက်သွယ်ထားပါသည်။ ထို့ပြင် ယင်းတို့နှစ်ခုအကြား ဆက်သွယ်မှုမှာ ကိုယ်တိုင်သက်သေပြနေခြင်းဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် မကောင်းမှုကို ရှောင်ကြဉ်လိုပါက ထိုသူသည် ဦးစွာ ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့ရမည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့လိုပါက ထိုသူသည် ဦးစွာ ဘုရားသခင်အကြောင်း အသိပညာအမှန် ရှိရမည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်အကြောင်း အသိပညာအမှန် ရှိလိုပါက ထိုသူသည် ဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တွေ့ကြုံရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အစစ်အမှန်တရားကို မွေ့လျော်ကာ၊ ဘုရားသခင်၏ ကျိုးနွံအောင် ဆုံးမခြင်းနှင့် စည်းကမ်း၊ ပြစ်ဒဏ်ခတ်ခြင်းနှင့် တရားစီရင်ခြင်း တို့ကို တွေ့ကြုံရပါလိမ့်မည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တွေ့ကြုံလိုပါက ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဦးစွာ တေ့တေ့ဆိုင်ဆိုင် ဆုံရမည်။ ဘုရားသခင်နှင့် တေ့တေ့ဆိုင်ဆိုင် ဆုံရမည်။ ထို့နောက် လူသားများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများပါဝင်သော ပတ်ဝန်းကျင် အမျိုးမျိုးတို့အကြောင်း ရေးထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရန်၊ အခွင့်အရေးများပေးပါရန် ဘုရားသခင်အား တောင်းပန်ရမည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ကြုံတွေ့ချင်ပါလျှင် ဦးစွာ ထိုသူသည် ရိုးရှင်းသော၊ ဖြောင့်မတ်သော နှလုံးသား၊ သမ္မာတရားကို လက်ခံရန် အဆင်သင့်ဖြစ်မှု၊ ဒုက္ခများကို သည်းညည်းခံနိုင်သည့် စိတ်ဆန္ဒ၊ မကောင်းမှုကို ရှောင်ကြဉ်ရန် ဆုံးဖြတ်ချက်နှင့် သတ္တိ၊ စစ်မှန်သော ဖန်ဆင်းခံလူသား ဖြစ်လာရန်ဟူသော ပြင်းပြသည့် ရည်မှန်းချက်တို့ကို ပိုင်ဆိုင်ရပါမည်။... ဤနည်းအားဖြင့် ရှေ့သို့ တစ်လှမ်းချင်း လှမ်းခြင်းဖြင့် ဘုရားသခင်နှင့် ပို၍နီးကပ် လာပါလိမ့်မည်။ သင့်နှလုံးသားသည် ပို၍ သန့်စင်လာပါ လိမ့်မည်။ ထို့ပြင် သင့်အသက်တာနှင့် ရှင်သန်ခြင်း တန်ဖိုးများသည် ဘုရားသခင်အကြောင်း သင့်အသိပညာတို့နှင့်အတူ ပို၍အဓိပ္ပာယ် ရှိလာမည်ဖြစ်ပြီး ပို၍ပင် တောက်ပ အရောင်လက်လာ လိမ့်မည်။”

ဆက်လက်ကြည့်ရှုရန်

ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်
https://my.kingdomsalvation.org/substance-of-Christ-obedience-to-Heavenly-Father.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended