ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား

  • 5 years ago
အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- "ယေရှု၏အမှုသာ မရှိခဲ့လျှင် လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာနိုင်ခဲ့မည် မဟုတ်ချေ၊ ယနေ့၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာခဲ့ကြသူတို့ကို ဘုရားသခင်က မည်သည့်အခါမျှ ချီးကျူးမည် မဟုတ်သကဲ့သို့ ထိုသူတို့သည် ခေတ်သစ်ထဲကိုလည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ထိုသာမညလူသား၏ ကြွဆင်းလာခြင်းသာ မရှိခဲ့ပါက သင်တို့ထံတွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို ရှုမြင်ရန် အခွင့်အလမ်း၊ သို့မဟုတ် အရည်အချင်း မည်သည့်အခါမျှ ရှိလာခဲ့မည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် ဖျက်ဆီးပစ်ခံခဲ့ကြရမည်မှာ ကြာလှပြီဖြစ်ခဲ့၍ဖြစ်သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသူ ကြွဆင်းလာခဲ့ခြင်းကြောင့် ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ပေးလျက် ကရုဏာကို ပြသပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ ငါသည် သင်တို့အတွက် ချန်ထားပေးခဲ့ချင်သည့် နှုတ်ကပတ်တော်များမှာ ဤအရာများဖြစ်သည်- လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ထိုသာမညလူသားသည် သင်တို့အတွက် အလွန်ကို အရေးပါသူပင် ဖြစ်သည်။ ထိုအချက်ကမှ လူသားများအကြား၌ ဘုရားသခင်လုပ်ဆောင်ပေးခဲ့ပြီဖြစ်သည့် ကြီးမားသည့်အရာဖြစ်ပေ၏။"

ဆောင်ရွက်မှုများ

Myanmar Subtitle movie | ကောင်းကင်နိုင်ငံတော်သားများ
https://my.kingdomsalvation.org/videos/people-of-heavenly-kingdom-movie.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။
https://www.stockfootage.com

Recommended