၁၀ ကြိမ်မြောက်ဖြင့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ပြုလုပ်

  • 5 years ago
၁၀ ကြိမ်မြောက်ဖြင့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ပြုလုပ်
*************************
ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီရေး နှင့် လူအခွင့်ရေးတို့အတွက် အသက်ပေးလှူခဲ့ကြသူများ အား ရည်းစူးဂုဏ်ပြု ခြင်း နှင့် အတူ ၁၀ ကြိမ်မြောက် ဖြင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး
အထိမ်းအမှတ် ပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံ တွင် အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများ ( ၂၀၀၇ ရွှေဝါရောင် ) မှ
ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ပွဲတွင် ငြိမ်းချမ်းရေး သီချင်းများ ၊ ငြိမ်းချမ်းရေး ကဗျာ များ ရွတ်ဆိုခြင်း တို့ကို လာရောက်နားထောင်ကြသည့် ပရိတ်သတ်များ ကို ဖျော်ဖြေခဲ့ကြသည်။

ရိုက်ကူး / တည်းဖြတ် - ထွန်းထွန်းဝင်း

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60710

Recommended