တရားရုံးမှ ချမှတ်မည့်အမိန့်အပေါ် ကြည့်ပြီးသား ဘောလုံးပွဲတစ်ပွဲလို အဖြေကြိုသိနေဟု ကိုဇေယျာလွင်ဆို

  • 5 years ago
တရားရုံးမှ ချမှတ်မည့်အမိန့်အပေါ် ကြည့်ပြီးသား ဘောလုံးပွဲတစ်ပွဲလို အဖြေကြိုသိနေဟု ကိုဇေယျာလွင်ဆို
**********************************

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့နှင့် ပတ်သက်၍ တရားရုံးမှချမှတ်မည့် အမိန့်များအပေါ် ကြည့်ပြီးသားဘောလုံးပွဲ တစ်ပွဲလို အဖြေကြိုသိနေကြောင်း ဖမ်းဆီခံကျောင်းသားတစ်ဦးဖြစ်သော ကိုဇေယျာလွင်က ပြောသည်။
''ဒီနေ့ ဗိုလ်တစ်ထောင်တရားရုံးကလည်း စွဲချက်တင်တဲ့ အမိန့်ပဲချလိုက်ပါတယ်။ ဒီလို ချမှတ်တာကိုလည်း ဘာ မှမမျှော်လင့်ထားဘူး။ မရမ်းကုန်းမှာလိုပဲ စွဲချက်တင်မှာပဲ။ ဒါကို ကျွန်တော်တို့ မျှော်လင့်ထားပြီးသား။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဒီစွဲချက်ချပြီးသားအပ်ါမှာ နောက်ပိုင်း ဆက်သွားရမှာပဲ။ နောက်ထပ် ဧရာဝတီတိုင်း မှာလည်း ကျွန်တော်တို့ကို ဆက်ထုတ်ဖို့အတွက် အရမ်းကို နီးကပ်နေပြီ။ သိပ်မကြာခင် ကျွန်တော်တို့ကို ထောင်ချတဲ့ အမိန့်တစ်ခုကို ကြားရတော့မှာပါ။ တရားရုံးတွေအားလုံးကတော့ ကျွန်တော်တို့နဲ့ ပတ်သတ်တဲ့ အမှုတွေကို အမိန့်ချတဲ့အခါ ဘယ်လိုမျိုးပဲ တွေးလဲဆိုတော့ ကြည့်ပြီးသားဘောလုံးပွဲတစ်ပွဲကိုပြန်ကြည့်နေရသ လိုပဲ။ ဘာမှမျှော်လင့်စရာအကြောင်းမရှိဘူး။ အဖြေကို ကျွန်တော်တို့သိပြီးသားပါ။ '' ဟု တရားစွဲဆိုခံထားရသူ ကိုဇေယျာလွင်က ပြောသည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60973
ရိုက်ကူး/တည်းဖြတ် - ကရိုင်နူးရာ

Category

🗞
News

Recommended