Messi ကို ဂုဏ်ပြုတဲ့ ဆပ်ကပ်တင်ဆက်မှု

  • 5 years ago
( Unicode )

Messi ကို ဂုဏ်ပြုတဲ့ ဆပ်ကပ်တင်ဆက်မှု
****************
(MC) ကနေဒါဆပ်ကပ်အဖွဲ့ Cirque du Soleil ကတော့ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီရဲ့အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆပ်ကပ် နဲ့ ဘောလုံး ကိုတွဲပြီးတင်ဆက်ဖို့ လုပ်ဆောင်လိုက်ပါတယ်။ ဒီအစီအစဉ်ကိုတော့ Messi 10 လို့ နာမည်ပေးထားပါတယ်။ ကမ္ဘာ့အကြီးဆုံး ဖျော်ဖြေရေးအဖွဲ့တွေထဲက တခုဖြစ်တဲ့ Cirque du Soleil အဖွဲ့ဟာ စပိန်နိုင်ငံဘာစီလိုနာမြို့မှာ အခုသီတင်းပတ်အတွင်း ပြသသွားမှာဖြစ်ပြီး ၊ မကြာခင်မှာတော့ ကမ္ဘာတဝှမ်းကို ပြသသွားဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

( Zawgyi )

Messi ကို ဂုဏ္ျပဳတဲ့ ဆပ္ကပ္တင္ဆက္မႈ
****************
(MC) ကေနဒါဆပ္ကပ္အဖြဲ႕ Cirque du Soleil ကေတာ့ ကမာၻေက်ာ္ေဘာလုံးသမား မက္ဆီရဲ႕ေအာင္ျမင္မႈေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဆပ္ကပ္ နဲ႔ ေဘာလုံး ကိုတြဲၿပီးတင္ဆက္ဖို႔ လုပ္ေဆာင္လိုက္ပါတယ္။ ဒီအစီအစဥ္ကိုေတာ့ Messi 10 လို႔ နာမည္ေပးထားပါတယ္။ ကမာၻ႔အႀကီးဆုံး ေဖ်ာ္ေျဖေရးအဖြဲ႕ေတြထဲက တခုျဖစ္တဲ့ Cirque du Soleil အဖြဲ႕ဟာ စပိန္ႏိုင္ငံဘာစီလိုနာၿမိဳ႕မွာ အခုသီတင္းပတ္အတြင္း ျပသသြားမွာျဖစ္ၿပီး ၊ မၾကာခင္မွာေတာ့ ကမာၻတဝွမ္းကို ျပသသြားဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။ AP သတင္းေဆာင္းပါးကို အေျခခံၿပီး ကိုရန္ႏိုင္က ေျပာျပေပးမွာျဖစ္ပါတယ္။

Category

🗞
News

Recommended