ပုသိမ်မြို့ရှိဒေသခံပြည်သူ ၁၈၀၀ ခန့်အလုပ်အကိုင်အခွင့်အလမ်းရှိလာမည့် Platinum Pathein စီမံကိန်း

  • 5 years ago
ပုသိမ်မြို့ရှိဒေသခံပြည်သူ ၁၈၀၀ ခန့်အလုပ်အကိုင်အခွင့်အလမ်းရှိလာမည့် Platinum Pathein စီမံကိန်း

************************

ဧရာဝတီတိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ ပုသိမ်မြို့မှာ တည်ဆောက်လျက်ရှိတဲ့ Platinum Pathein စီမံကိန်းမှာ ဒေသခံပြည်သူ ၁၈၀၀ ခန့်အလုပ်အကိုင်အခွင့်လမ်းရရှိလာမည်ဟု သိရသည်။

Platinum Pathein စီမံကိန်း နဲ့ပက်သက်၍ သတင်းစာရှင်းလင်းပွဲ ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ဝန်ကြီးများရုံး မှာ ကျင်းပခဲ့ပြီး အဆိုပါ စီမံကိန်းကို ၂၀၁၅ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်သည်။

ကျန်ရှိတဲ့စီမံကိန်းတွေအကောင်အထည်ဖော်ဖို့အတွက်ပုသိမ်မြို့ရှိဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကိုတင်ဒါခေါ်ယူသွားမှာဖြစ်ပြီးဒေသခံလက်သမားဆရာများနဲ့ပန်းရံလုပ်ကိုင်သူ ၁၂၀၀မှ၁၈၀၀ဦးခန့်အလုပ်အကိုင်အခွင့်အလမ်းရရှိလာမှာဖြစ်ကြောင်းစီမံကိန်းမိတ်ဆက်ပွဲအခမ်းအနား မှ သိရသည်။

စီမံကိန်းတွင် အပိုင်း ၁ နဲ့ အပိုင်း ၂ အဖြစ် တည်ဆောက်ထားကာ အပိုင်း ၁ တွင် လုံးချင်းလူနေအိမ် (Villa) နဲ့ Plaza တို့ကိုတည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည်။ အပိုင်း ၂ မှာတော့ အဆင့်မြင့်ဟိုတယ်၊ စားသောက်ဆိုင်တွေနဲ့ အပန်းဖြေပန်းခြံအပြင် ၃ ခန်းတွဲ ၃ ထပ်တိုက် ၄ ခန်းတွဲ ၄ ထပ်တိုက်ကို ၂၀၂၀ မတ်လတွင် အကောင်အထည်ဖော်သွားမည်ဟု သိရသည်။

Platinum Pathein စီမံကိန်းကို ရန်ကုန်-ချောင်းသာ- ငွေဆောင်လမ်းမကြီးပေါ်ရှိ မြေဧက ၁၅ ဒသမ ၂၈ ဧကပေါ်မှာ တည်ဆောက်ထားပြီး မြေယာပိုင်ဆိုင်မှုအနေနှင့် လယ ၃၀၊ ၁၀၅ - ၁၀၆ ရရှိထားကာ အမည်ပေါက် ကိုယ်ပိုင်ဂရန်အနေနှင့် နှစ် ၃၀ ရမှာဖြစ်ပြီး သက်တမ်းပြည့်ပါက နှစ် ၃၀ သက်တမ်းထပ်တိုး နိုင်ရန် စီစဉ်ပေးထားသည်ဟုလည်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး တွင် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ ရေလုပ်ငန်း တို့အပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ကို အဓိက လုပ်ကိုင်ကြပြီး လူဦးရေ ၆ ဒသမ ၂ သန်းနေထိုင်ကြကာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဈေးကွက် ဖွံ့ဖြိုးမှု ဒုတိယ အကြီးဆုံး တိုင်းဒေသ တစ်ခုလည်း ဖြစ်သည်။

ရိုက်ကူး ၊ တည်းဖြတ် - ဟိန်းသက်ဦး

တင်ဆက် - နန်းခမ်းဟေမာန်

Recommended