• 6 years ago
မွန်ဂိုလီးယား Tsaatan လူမျိုးစုတွေနဲ့ ရိန်းဒီးယားသမင်များ

***********************

မွန်ဂိုလီးယားမှာနိုင်ငံ ဝေးလံတဲ့ တောင်ပေါ်ဒေသတွေမှာ နေထိုင်တဲ့ Tsaatan လူမျိုးစုဝင်တွေဟာ မျိုးဆက်တဆက်ပြီးတဆက်၊ ရာသီဥတုကောင်းတဲ့နေရာကိုလိုက်ပြီး ရေကြည်ရာမျက်နုရာ ရွှေ့ပြောင်းနေထိုင် ရပ်တည်ခဲ့ကြတာပါ။ အခုတော့ အစိုးရရဲ့ မြို့ပြစီမံကိန်းတွေနဲ့ မြေယာ ပြောင်းလဲသတ်မှတ်ချက် တွေအကြား ရိုးရာအစဉ်အလာအတိုင်း ပြောင်းရွေ့သွားလာမလား၊ မြို့တွေကို ပြောင်းပြီး အသက်မွေးဝမ်းကြောင်းအလုပ် လုပ်မလားဆိုတာကို Tsaatan လူမျိုးစုဝင် လူငယ်တွေ ရွေးချယ်ဆုံးဖြတ်လာရပါတယ်။ ရိန်းဒီးယားသမင်တွေနဲ့ အတူ သွားလာနေထိုင်တဲ့ သူတို့ ဘဝအကြောင်း မွန်ဂိုလီးယားမြောက်ပိုင်းက Libby Hogan ရဲ့ သတင်းလွှာကို နန်းလောင်ဝ်က တင်ပြပါလိမ့်မယ်။

Category

🗞
News

Recommended